Saturday, January 26, 2008

Rambo (2008)







အပြည့်အစုံသို့ ..

Wednesday, January 23, 2008

ဆိုက်ဘာတော်လှန်ရေး ဆင်နွှဲမည် ရှေးဦးစွာ အစိုးရ၀န်ကြီးဌာနများရဲ့ အီးမေးလ်များ ပေးပို့စေလိုသည်

ဆိုက်ဘာတော်လှန်ရေး ဆင်နွှဲမည်
ရှေးဦးစွာ အစိုးရ၀န်ကြီးဌာနများရဲ့ အီးမေးလ်များ ပေးပို့စေလိုသည်


ကျွန်တော့်ကို ကြီးကျယ်ကျယ်ပြောတော့မယ်လို့တော့ မထင်လိုက်ကြပါတယ်။ အခုအချိန် ကျွန်တော်တို့တိုင်း ပြည် ကျွန်တ်ာတို့လူမျိုးတွေအတွက် လူ့အခွင့်အရေးနဲ့ ဒီမိုကရေးစီအရေးတို့အတွက် ကျွန်တော်တို့လို အိုင်တီပညာရပ် မှာ အသင့်အတင့် ကျွမ်းကျင်ကြတဲ့သူတွေက ကျွန်တော်တို့လို အိုင်စီတီနည်းပညာမတတ်ကျွမ်းကြသေးတဲ့ အခြား သောပြည်သူတွေအတွက် လုပ်သင့်လုပ်ထိုက်တဲ့ အရာတစ်ခုကို ကျွန်တော်တို့ လုပ်ကြရပါတော့မယ်။ ဒါကတော့ ကျွန်တော်တို့ဟာ ဆိုက်ဘာတ်ာလှန်ရေးအသွင်ဖြင့် ဆင်နွဲကြဖို့လို့ ဆိုချင်ပါတယ်။ ကျွန်တော်တို့လို ဘလော့ဂါများဆီ ကို မိမိသိရှိထားသမျှ အစိုးရ၀န်ကြီးဌာနတွေရဲ့ အီးမေးလ်လိပ်စာတွေ၊ အင်တာနက်လိပ်စာတွေကို မိမိတက်နိုင် သလောက် စုံစမ်းဖော်ထုတ် ပေးပို့သွားကြဖို့ ကျွန်တော်တို့ရဲ့ စာဖတ်သူတွေကို မေတ္တာရပ်ခံအပ်ပါတယ်။ ဒီလိုလက်ခံ အစိုးရရုံးတွေရဲ့ အီးမေးလ်လိပ်စာတွေကို ကျွန်တော်တို့ရရှိတယ်ဆိုရင်ပဲ အဲ့ဒီလိပ်စာတွေကို အင်တာနက်မီဒီယာအွှ တွင်း ဖြန့်ဝေလိုက်မှာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတိုင် တစ်နေနှင့် မိမိတက်နိုင်သမျှ အီးမေးလ်များပေးပို့ ပြီး အီးမေးလ်ဗုံးကြဲတိုက်ခိုက်ခြင်းကို ကျွန်တော်တို့ လုပ်ဆောင်ကြပါမည်။ ဒါဟာ ဆိုက်ဘာတော်လှန်ရေးရဲ့ ပထမဆင့် ပဲဖြစ်ပါတယ်။ နည်းပညာပိုင်းတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် အခြား အကြံပေးလိုတာတွေရှိုလို့ဖြစ်ဖြစ် ဆက်သွယ်ချင် တယ်ဆိုရင်တော့ awaiset.navanar@gmail.com ကို ဆက်သွယ်လိုက်ကြပါ။

နောက်ပိုင်းမှာတာ့ ကျွန်တော်တို့ဟာ “ဆိုက်ဘာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုကော်မတီ” ဆိုတာကို မိုးကောင်းကင်ယံမှာ ဖွဲ့စည်းထူထောင်သွားကြမှာဖြစ်ပြီး ထိုအဖွဲ့အစည်းတွင် ခေါင်းဆောင်မရှိ မဖွဲ့ဝင်မရှိ

အိုင်စီဒီ နည်းပညာကို အသုံးပြုတက်သူတိုင်း ခေါင်းဆောင်အဖြစ် နောက်လိုက်အဖြစ်
ပါဝင်ဆောင်ရွက်နိုင်မယ့်အဖွဲ့အစည်း ဖြစ်ပါတယ်။

မင်းထက်ဘုန်းမြတ်

အပြည့်အစုံသို့ ..

တနင်္လာနေ့ထုတ် မြတ်ခိုင်ရဲ့ အချစ်ဂျာနယ်မှာ စစ်အစိုးရကို ပုတ်ခတ်ရေးသားထားသော ကဗျာတစ်ပုဒ်ပါရှိ

တနင်္လာနေ့ထုတ် မြတ်ခိုင်ရဲ့ အချစ်ဂျာနယ်မှာ စစ်အစိုးရကို ပုတ်ခတ်ရေးသားထားသော ကဗျာတစ်ပုဒ်ပါရှိ






မင်းထက်ဘုန်းမြတ်




ကျွန်တော်မနေ့က မအားတဲ့အတွက် သတင်းအသစ်တစ်ခုကို ရရှိသော်လည်း ရေးသားဖို့အတွက် ပျက်ကွက်ခဲ့ပါတယ်း။ ဒါကြောင့် ကျွန်တော့်ဘလော့ကို ၀င်ရောက်အားပေးကြည့်ရှုနေတဲ့ ရဲဘော်ရဲဘက်များကို အလွန်မျက်နှာ ပူမိပါတယ်။ ဒါပေမယ့် ခေတ္တခဏအင်တာ နက်အသုံးပြုလိုက်ရစဉ်အချိန်ခဏ အတွင်းမှာတော့ ကျွန်တော်သိရှိထားတဲ့ သတင်းတစ်ပုဒ်ကို ရဲဘော်ရဲ ဘက်များထံသို့ အီးမေးလ်နှင့် တစ်ဆင့် ပေးပို့နိုင်ခဲ့ပါတယ်။


အကြောင်းအရာကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့ နံနက်ထုတ်ဝေတဲ့ အချစ်ဂျာနယ်မှာ ဖေဖော်ဝါရီဆယ့်လေး လို့ အမည်ရတဲ့ ဆရာစောဝေရဲ့ ကဗျာတစ်ပုဒ်ပါရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီကဗျာအတွင်းမှာတော့ အာ ဏာ ရူးကြီး မှူး ကြီး သန်း ရွှေ ဆိုတဲ့ ဒေါင်လိုက်ကြည့်မှ မြင်နိုင်တဲ့ စကားလုံးများပါရှိခဲ့ပါတယ်။ ဒီအရောင်းအရာများနှင့်ပတ်သက် ပြီး ရန်ကုန်မြို့တော်အတွင်းမှာတော့ အချစ်ဂျာနယ်ကို မရမက ၀ယ်ယူဖတ်ရူသူများ အလွန်ပင်များပြားနေသလို ဒီကဗျာကိုပဲ မိတ္တူဆွဲပြီး ဆင်ချေပုန်းရပ်ကွက်တွေမှာ ရောင်းချနေတာတွေတောင် ရှိခဲ့ပါတယ်။ ဒီအကြောင်းအရာ များနှင့်ပတ်သက်ပြီး ရန်ကုန်အခြေဆိုက် အမည်ဖော်ပြရန် မသင့်သော မဂ္ဂဇင်းတစ်စောင်ရဲ့ ၀ါရင့်အယ်ဒီတာ တစ်ဦးက ဆိုရာမှာတော့ ဒီကိစ္စ္စမှာ ကိုမြတ်ခိုင်က ရည်ရွယ်ချက်ရှိရှိနဲ့ ကိုစောဝေရဲ့ ကဗျာကို ထည့်သွင်းပေးလိုက်တာလည်းဖြစ်နိုင်သလို ပုဂ္ဂိုလ်ရေး အမြင်မကြည်လင်မှုများကြောင့် တမင်တကာရည်ရွယ်ပြီး ထည့်ပေးလိုက်တာလည်းဖြစ်နိုင်ပါတယ်။ အချစ် ဂျာနယ်ထွက်လာတော့ အခုရုံတင်နေတဲ့ ဓမ္မာသောအင်းဝရာဇာ ဇာတ်ကားက နန္ဒာလှိုင်တို့ လူမင်းတို့ပုံနဲ့ဆို တော့ ဆွဲဆောင်မှုကတော့ မဆိုးဘူးပေါ့။ အတွင်းထဲမှာတော့ ထုံးတမ်းစဉ်လာသတင်းတွေနဲ့ မြတ်ခိုင်ရဲ့ မေးခွန်း (၂၀၀၀) ဆိုတဲ့ ကဏ္ဍလေးလဲပါလာတာ နှစ်ပတ်သုံးပတ်ရှိပြီဆိုတော့ ဖတ်ဖြစ်ခဲ့တယ်။ ဖတ်ရင်းနဲ့ "ဖေဖော်ဝါရီ ဆယ့်လေး" ဆိုတဲ့ကဗျားလေးကိုလဲ အမှုတ်မဲအမှတ်မဲ့နဲ့ ဖတ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် ချက်ချင်းသတိမထားခဲ့မိဘူး။ ဦးစောဝေ ဘာတွေရေးထားမှန်းနားမလည်ဘူးပေါ့။ ဒါနဲ့ ပထမရက်မှာ အိမ်ပြန်ယူသွားခဲ့တယ်။ အဲ့ဒီမှာပဲ အစိုးရကိုထိပါးတဲ့စာတွေပါတယ်ဆိုရော ကိုစောဝေရဲ့ကဗျာကို ပြန်ဖက်ကြည့်တယ်။ ကျွန်တော်တော်အံ့သြသွား တယ်ဗျ။ ဒီပုဂ္ဂိုလ်ဒီလောက်များသတ္တိရှိရလားလို့ပေါ့။ လို့ ဆိုပါတယ်။


လတ်တလော ရန်ကုန်စာနယ်ဇင်းလာကအတွင်းမှာတော့ ကဗျာဆရာစောဝေကို အစိုးရအာဏာပိုင်တွေက အိမ် ကိုလိုက်ပြီးဖမ်းသွားပြီတို့...နယ်စပ်ကို ထွက်ပြေးသွားပြီတို့ဆိုတဲ့သတင်းများထွက်ရှိနေတယ်လို့ လေထန်ကုန်းရပ် ၀န်းကဆိုကြပါတယ်။


ဘယ်လိုပင်ဆိုစေကာမူ ကျွန်တော်တို့အနေနှင့် ပြည်တွင်းမှနေပြီး အစိုးရကိုထိခိုက်နစ်နာစေသော စကားလုံးများ နှင့် ပုံနှိုပ်မီဒီယာစာမျက်နှာများအထက် ပါရှိအောင် ကြိုးစားနိုင်ခဲ့သော ဆရာစောကို ကျွန်တော်တို့ ဂုဏ်ပြုမိပါ တယ်။


ဆရာစောဝေဟာ ဒီလိုရေးသားမှုကြောင့် အနည်းဆုံး စာရေးသားလျှက်ရှိသော ကလောင်ပိတ်ပင်ခြင်း ခံရနိုင်မည်ဖြစ်ပြီ အများဆုံး ထောင်ဒဏ်ကျခံရဖွယ်ပင်ရှိပါတယ်။ ဒီကိစ္စ္စနှင့်ပတ်သက်ပြီး ရန်ကုန်စာနယ်ဇင်း လောကအတွင်းမှာတော့ ယခင်ထက် စာပေစိစစ်ရေးမှ မူဝါဒပိုင်းဆိုင်ရာ ပိုမိုတင်းကြပ်သွားနိုင်ဖွယ်ရှိပြီး။ ကျန် ဂျာနယ်မဂ္ဂဇင်းများတွင် ပါရှိသော ကဗျာနှင့် ပတ်သက်သော စာမူများနှင့်ပတ်သက်ပြီး အယ်ဒီတာ၊ တာဝန်ခံအယ်ဒီတာများအား အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေရန်စာသားများ မပါဝင်ပါဟုဆိုသော လက်မှတ်များ ရေးထိုင်ခိုင်းမည်ဖြစ်ကြောင်းလည်း သိရှိနေရပါတယ်။

မင်းထက်ဘုန်းမြတ်

အပြည့်အစုံသို့ ..

Monday, January 21, 2008

ကျွန်တော်တို့ဟာ အမျိုးသားအကျိုးစီးပွား ကောင်းကျိုးကိုသာ ဆောင်ရွကနေကြတာဖြစ်တယ် ဒါပေမယ့် အစိုးရအကျိုးစီးပွားကို ဆောင်ရွက်နေကြတာတော့ မဟုတ်ဘူး။

ပြီးခဲ့တဲ့သတင်းပတ်များအတွင်းက စစ်အစိုးရရဲ့ ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းဟာ မြန်မာနိုင်ငံကုန်သည်ကြီးများအသင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်။ ပုံနှိပ်ထုတ်ဝေသူများအသင်း နှစ်ပတ်လည်အစီး အဝေးပွဲမှာ ပြည်တွင်းသတင်းမီဒီယာများအနေနဲ့ အမျိုးသားအကျိုးစီးပွားဖြစ်ထွန်းစေမယ့် ရေးသားပုံ ရေးသား နည်းများကို အသုံးပြုပြီး နိုင်ငံတော်အစိုးရရဲ့ မူဝါဒလမ်းစဉ်ခုနှစ်ရပ်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ရေးကို ပံ့ပိုးကူညီပေးကြပါလို့ ဆိုခဲ့ပါတယ်။ ဒါဟာ အမျိုးသားအကျိုးစီးပွားတို့ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော်တို့ဆိုတဲ့ လူကြားကောင်းတဲ့ စကားရပ်များကို တွင်တွင်သုံးပြီး ငါတို့ကို ပြုတ်အောင်တော့ မလုပ်နဲ့ လုပ်ဖို့ မကြံစည်ကြနဲ့လို့ ဆိုလိုက်တာပဲဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုက ရေစီအရေး၊ လူ့အခွင့်အရေးနဲ့ အမျိုးသားအကျိုးစီးပွားဆိုတဲ့ အရာတွေအတွက် ဘယ်ပုဂ္ဂိုလ်ကမှ ပိုက်ဆံတစ်ပြား တစ်ချပ်မရပဲ ကိုယ်ပိုင်အသိစိတ်ဓာတ်ရှိရှိ ကိုယ်အိပ်ထဲကငွေနဲ့ အင်တာနက်သုံး ကိုယ်တက်တဲ့ပညာနဲ့ အမျိုး သားအကျိုးစီးပွားဆိုတဲ့အရာအတွက် ဘလော့ရေးသားနေကြတာဖြစ်ပါတယ်။ ဒါပမေယ့် ကျွန်တော်တို့ခံယူထား တဲ့ အမျိုးသားအကျိုးစီးပွားဆိုတဲ့အရာဟာ စစ်အစိုးရတည်မြဲရေးအတွက် အထောက်အပံဖြစ်စေမယ့် အမျိုးသား အကျိုးစီးပွားမျိုး (အစိုးရအကျိုးစီးပွားမျိုး) တော့မဟုတ်ပါဘူး။ ကျွန်တော်တို့ အနာဂတ်မျိုးဆက်မှာ ကျွန်တော်တို့ ၇ဲ့ ညီတွေညီမတွေ သားတွေသမီးတွေကို ကျွန်တော်တို့လို အကြံတုန်းဥာဏ်တုန်းတွေ မဖြစ်စေအောင် ကျွန်တော်တို့ တွေ့ကြုံရင်ဆိုင်ခဲ့ရတဲ့ ခါးသီးတဲ့အတွေ့အကြုံတွေကြားက သင်ခန်းစာမျိုးတွေ သူတွေရဲ့ ခေတ်မှာ မရရှိအောင် သူတို့ရဲ့ဘ၀မှာ ဒီမိုကရေစီဆိုတဲ့ လူ့အခွင့်အရေးအပြည့်အ၀ရှိတဲ့ နိုင်ငံတော်ရဲ့ သားကောင်းရတနာ တွေဖြစ်အာင် စတဲ့ အမျိုးသားအကျိုးစီးပွားဆိုတဲ့အရာတွေနဲ့ လုပ်ကိုင်နေကြခြင်းဖြစ်ပါတယ်။
ဘယ်လိုပဲ ပြောပြော ကျွန်တော်တို့ ဟာ အစိုးရပေးတာကြွေးတာစားပြီး အစိုးရအကြိုက်လိုက်ရေးနေတဲ့ အစိုးရပုဆိန်ရိုးတွေထက်စာရင် ပိုမြင့်မြတ်တယ်။ ကိုယ်ယုံကြည်ရာကို ကိုယ်ရေးသားနိုင်သလို ကိုယ်လက်မခံနိုင် တဲ့ အရာတွေကို ပွင့်ပွင့်လင်းသတ္တိရှိရှိ ငြင်းဆိုနိုင်ခွင့်ရှိတယ်။ သူတို့ ခြောက်တိုင်း ကြောက်ရမယ့် ခေတ်မဟုတ် တော့ဘူး ကျွန်တော်တို့မှာ အသိဥာဏ်နဲ့ နည်းပညာဆိုတဲ့ စွမ်းအားတွေရှိတယ်။ သူတို့လို ပေးရင်ကြွေးရင် ရိုက်ပေးမယ့် စွမ်းအားရှင်တွေထက် အများကြီးသာတယ်။
တစ်ဆက်တည်းမှာပဲ မသိသေးတဲ့ အစိုးရအာဏာပိုင်ကြီးတွေကို ပြောလိုက်ပါရစေ...အခုအချိန်ကစပြီး ကျွန်တော်တို့ ပြည်သူတွေရဲ့ ဒီမိုကရေစီရရှိရေး စစ်အစိုးရဖြုတ်ချရေးဆိုတဲ့ တော်လှန်ရေးဟာ ဟိုးအရင်ခေတ် တွေကလို မြေအောက်တော်လှန်ရေးအနေနဲ့မဟုတ်တော့ဘူးဆိုတာပါ။ အခု တော်လှန်ရေးသမားတွေ အားလုံး မိုးကောင်းကင်ပေါ် ရောက်နေကြပါပြီ။ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေဟာ စစ်အစိုးရအတွက် (အစစ်အမှန်နီးပါး အရိပ်အယောင်များ) အဖြစ် တွေ့ရှိကြရပါတော့မယ် ဆိုတာပါပဲ။
မင်းထက်ဘုန်းမြတ်

အပြည့်အစုံသို့ ..

စစ်သေနတ်ပြောင်းဝအောက်ကမြန်မာ့မီဒီယာ

မြန်မာနိုင်ငံစာပေစိစစ်နှင့်မှတ်ပုံတင်ဌာနညွှန်မှူး ဗိုလ်မှူးတင့်ဆွေ၏အသံက ဖုန်းထဲမှာ ကြည်လင်ပြတ်သား လွန်းလှသည်။
“ဟုတ်ကဲ့ပြောနေပါတယ်” ဟူသောအဖြေစကားထိ အဆင်ပြေသည်။
“မြန်မာတိုင်းမ်(စ်)ဂျာနယ်တပတ်ပိတ်ခံ ရတဲ့ကိစ္စ မေးချင်လို့ပါ”
“အဲဒါဘယ်ကသိတာလဲ အခုပြောနေတာဘယ်ကလဲ”
“ဧရာဝတီမဂ္ဂဇင်းကပါ” ဟူသောအဖြေစကားပြန်ကြားပြီးချိန်တွင် စက္ကန့်အတော်ကြာကြာ တိတ်ဆိတ်သွား တော့သည်။ အချိန်အတော်ကြာကြာစောင့်ပြီး “ဟယ်လို” သံဖြင့်သတိပေးသည်။ ဘာသံမှမကြားရ၊ ဖုန်းချ လိုက်တာလည်းမဟုတ်၊ စက္ကန့်မှမိနစ်သို့ကူးပြောင်းလာချိန်တွင်တော့ ဖုန်းလိုင်းမကြည်မလင်ဖြစ်လာသလို ဆူညံသံများဝင်လာကာ ဖုန်းကျသွားတော့သည်။ ထပ်ခေါ်သော်လည်းမရတော့။
ဇန်နဝါရီ ၁၂ရက်နေ့က မြန်မာတိုင်းမ်(စ်)ဂျာနယ် တပတ်ပိတ်ပင်ခံရမည် ဟူသောသတင်းထွက်ပေါ်လာခဲ့ သည်။ အကြောင်းရင်းမှာ ဂြိုဟ်တုစလောင်းနှင့် ပတ်သက်သောသတင်းကို ဖော်ပြလိုက်သောကြောင့်ဟု သတင်းဂျာနယ်လောကမှ ပုဂ္ဂိုလ်တဦးကပြောသည်။ ၁၄ရက်နေ့ညနေပိုင်းတွင်တော့ မြန်မာတိုင်းမ်(စ်) ဂျာနယ်၏ အယ်ဒီတာသုံးဦးနှင့်သတင်းထောက်ချုပ်တဦးကိုပါ နှုတ်ထွက်ခိုင်းသည်ဟု သတင်းရပ်ကွက်မှ ကြားသိရပြန်သည်။
“ဒီတခေါက်အပြစ်ပေးလိုက်တာကတော့ တော်တော်လေးပြင်းထန်တယ်ဗျ ကြည့်ရတာ နမူနာကြည့်ထား နောက်လုပ်ရင်ဒီအတိုင်းခံရမယ်ဆိုတဲ့ သဘောလားမသိဘူး” ဟု အယ်ဒီတာတဦးကသူ့အထင်ကိုပြောပြ သည်။
စာပေစိစစ်ရေး၏မူဝါဒဆိုသည်မှာ ပုံသေမရှိကြောင်းနှင့် အခြေအနေကိုလိုက်၍ မီးစင်ကြည့်ကနေရကြောင်း ၎င်းကဆက်ပြောသည်။
မြန်မာသတင်းမီဒီယာသမားများ၏ သတင်းရေးသားပုံကို အစိုးရသတင်းစာပုံစံအတိုင်းရေးသားရန်နှင့် အမျိုး သားအကျိုးစီးပွားထိခိုက်မည့်သတင်းများ မရေးသားရန် ရေးသားပါကတင်းကျပ်စွာအရေးယူသွားမည်ဖြစ် ကြောင်းကို ဇန်နဝါရီ၁၃ရက်နေ့က ကျင်းပသည့်၁၆ကြိမ်မြောက် မြန်မာနိုင်ငံပုံနှိပ်ထုတ်ဝေသူ လုပ်ငန်းရှင်များ အသင်းနှစ်ပတ်လည်အစည်းအဝေးတွင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း ကပြောကြားခဲ့သည်။
“အမျိုးသားအကျိုးစီးပွားဆိုတာက တကယ်တော့ကြားကောင်းအောင်ပြောတာပါ၊ စစ်အစိုးရရဲ့အကျိုးစီးပွားပါ ပဲ” ဟု မြန်မာပြည်မှ ဂျာနယ်အသိုင်းအဝန်းနှင့်နီးစပ်သူ တဦးကပြောသည်။ ပြင်းပြင်းထန်ထန်အရေးယူသွား မည်ဆိုသည့်အချက်မှာ ယုံမှားသံသယရှိစရာမလိုကြောင်းနှင့် စစ်အစိုးရရေရှည်တည်တံ့ခိုင်မြဲမှုအတွက် ပိုမို တင်းကျပ်သွားဖွယ်သာရှိကြောင်း၎င်းက ဆက်ပြောသည်။
“ဂျာနယ်တွေကို သူတို့ပြောစေချင်တာပြောပေးဖို့သက်သက် ထုတ်ဝေခွင့်ပြုထားတာပဲ။ ပြည်သူတွေသိချင် တာသိရဖို့ ဖော်ပြနိုင်ဖို့ဆိုရင်တော့ စာပေစိစစ်ရေးဆိုတာကြီး မရှိမှရမယ်” ဟု ၎င်းကပြောသည်။ ဆက်လက် ၍ ၎င်းက မြန်မာတိုင်းမ်(စ်)ဂျာနယ်တပတ်ပိတ်ပင်သည့်ကိစ္စမှာ ပြင်းထန်လွန်းသည်ဟုဆိုသည်။
အရေးယူသည့် အကြောင်းအရာမှာ ပြည်သူများအမှန်တကယ်သိချင်နေသည့် သတင်းဖြစ်ပြီး၊ တာဝန်ရှိသူတဦးကစလောင်းလိုင်စင်ကြေး လက်မခံသေးကြောင်းနှင့် ယခုလက်ရှိ လက်မခံသေးသည့်အတွက် လက်ခံ သည့်အချိန်တွင် နောက်ကျကြေးများပေးရန်လိုမည်မဟုတ်ကြောင်း ပြောပြထားရာ စလောင်းနှင့် ပတ်သက် ၍ဇဝေဇဝါဖြစ်နေသည့် ပြည်သူများအတွက် ရှင်းရှင်းလင်းလင်း ဖော်ပြပြီးဖြစ်သွားကြောင်း ၎င်းကဆက်ပြော သည်။
မြန်မာနိုင်ငံစာပေစိစစ်နှင့်မှတ်ပုံတင်ဌာန၏ မူဝါဒမှာ တနေ့တမျိုးပြောင်းလဲနေသကဲ့သို့ ဂျာနယ်တစောင်နှင့် တစောင်၊ သတင်းစာတစောင်နှင့်တစောင်အပေါ် သဘောထားများမှာမတူညီကြောင်း ဂျာနယ်တစောင်၏ ထုတ်ဝေသူတဦးကပြောသည်။
“ကျနော့်အနေနဲ့တော့ current ဖြစ်တဲ့ issue နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးတွေကို လွတ်လွတ် လပ်လပ် ဝေဖန်ရေးသားနိုင်တဲ့အခြေအနေမျိုးလိုချင်တယ်” ဟုသတင်းဂျာနယ်အယ်ဒီတာတဦးကပြောသည်။ သူ့အသံမှာ လက်ရှိထုတ်ဝေရေးသား လုပ်ကိုင်နေရသည့် အလုပ်အပေါ်အားမလိုအားမရဖြစ်နေဟန် အထင်း သားပေါ်လွင်နေသည်။ စိစစ်ရေး၏မူဝါဒမမှန်ကန်မှုနှင့် လွတ်လပ်စွာရေးသားနိုင်မှုမရှိခြင်းတို့ကြောင့် စာဖတ် သူများနှင့် ပြိုင်ဘက်မီဒီ ယာအခြင်းခြင်း သဘောထားကွဲလွဲမှုများရှိနေရကြောင်း ၎င်းကဆက်ပြောသည်။
“စိစစ်ရေးရဲ့မူဝါဒကလည်းမမှန်၊ လွတ်လွတ်လပ်လပ်လည်းရေးလို့မရ ဂျာနယ်တစောင်စီချဉ်းကပ်ပုံခြင်း လည်း မတူတော့ သူ့ကျတော့ပေးတယ်၊ ကိုယ့်ကျတော့မပေးဘူး ဆိုတာမျိုးဖြစ်လာတယ်” ဟု သူကဆို သည်။ မီဒီယာ၏အလုပ်မှာ ပြည်သူလူထုသိချင်သည့် အကြောင်းအရာကို အဖြစ်မှန်အတိုင်း ရေးသားပြရ မည်ဖြစ်သဖြင့် တပြေးညီရေးခွင့်ရလျင် စာဖတ်သူ၏အထင်လွဲမှုကိုခံရစရာမရှိသကဲ့သို့ ပြိုင်ဘက်မီဒီယာ အချင်းချင်းလည်း အထင်လွဲစရာရှိတော့မည် မဟုတ်ဟု ၎င်းကဆက်ပြောသည်။
“ခုဟာက သူ့ကျတော့ရိုက်တယ်၊ ငါ့ကျတော့မရိုက်ဘူးဆိုပြီး ဆရာမကိုပြေးပြေးတိုင်နေတဲ့ ကလေးတွေလို ဖြစ်နေတယ်” ဟု၎င်း၏အမြင်ကို ဆက်ပြောပြသည်။
မြန်မာနိုင်ငံအတွင်းရှိ ဂျာနယ်၊ မဂ္ဂဇင်းများမှာ အပတ်စဉ်ထုတ်နှင့် လစဉ်ထုတ်များဖြစ်ကြပြီး အပတ်စဉ်ထုတ် ဂျာနယ်က တပတ်ကြို၍ စိစစ်ရေးတင်ရကာ လစဉ်ထုတ်မဂ္ဂဇင်းများက ထုတ်ဝေမည့်အချိန်ထက် တလကြို တင် စိစစ်ရေးသို့တင်ပြကြရသည်။ ဥပမာ အင်္ဂါနေ့ထွက်မည့် ဂျာနယ်က မထွက်မီ တပတ်အင်္ဂါနေ့တွင် စိစစ်ရေးတင်ရသည်။ စိစစ်ရေးရုံးကအဆင့်ဆင့်ဖတ်ပြီး စည်းဝေးထိုင် ဖြုတ်စရာရှိသည်များကိုဖြုတ်ကာ ကြာ သပတေးနေ့တွင် အဖြေသိရသည်။
ဂျာနယ်တိုက်ကဖြုတ်စရာရှိသည်များကို မှတ်သားပြီး ပြုပြင်ကာ အချောထုတ်ပြီးသောကြာနေ့တွင် စတင်၍ပုံ နှိပ်သည်။ ပြဿနာမှာ ကြာသပတေးနှင့် သောကြာနေ့များတွင်ရသော သတင်းများကို သူများထက်ဦးအောင် ထည့်သွင်းပုံနှိပ်လိုသည့် ကိစ္စဖြစ်သည်။ ထိုသတင်းများကို နောက်ဆက်တွဲဟုခေါ်သည်။ နောက်ဆက်တွဲ သတင်းများကို စိစစ်ရေးသို့တင်ချိန်တွင် ဂျာနယ်ကစတင်ပုံနှိပ်နေပြီဖြစ်သည်။
“နောက်ဆက်တွဲကို မလွတ်နိုင်တဲ့သတင်းမျိုးမလုပ်ရဲကြဘူး၊ စိစစ်ရေးကတော့ နောက်ဆက်တွဲလုပ်မယ်ဆို ရင် လာရောက်ညှိနှိုင်းနိုင်တယ်လို့ ပြောထားတယ်၊ ဒီတော့ကျနော်တို့က နောက်ဆက်တွဲတင်မယ့်သတင်းက ဘာဆိုတာ ဗိုလ်မှူးတင့်ဆွေကို ကြိုတင်အကြောင်းကြားထားလိုက်တယ်” ဟု သတင်းဂျာနယ်တစောင်မှ အယ်ဒီတာချုပ်ကပြောပြသည်။
အချို့ဂျာနယ်များမှာ စိစစ်ရေးနှင့်ပိုင်သည်ဟုဆိုကာ နောက်ဆက်တွဲအတွက်ကြိုတင် အကြောင်းမကြားထား သဖြင့် မူဝါဒရုတ်တရက်အပြောင်းအလဲတွင် ပြဿနာဖြစ်ရကြောင်း ၎င်းကဆက်ပြောသည်။
“စာပေစိစစ်ရေးနဲ့အလုပ်လုပ်ရတာက ဘယ်လောက်မြင့်မယ်မှန်းမသိတဲ့ တန်းခုန်ပြိုင်ပွဲ ဝင်ပြိုင်နေရသလိုပဲ။ လွတ်မယ် ထင်ပေမယ့်လည်း ခလုတ်တိုက်ပြီးပြုတ်ကျချင်ကျတာ” ဟုမြားနတ်မောင်မဂ္ဂဇင်း အယ်ဒီတာချုပ် ဟောင်း ဒေါက်တာလွမ်းဆွေက ပြောသည်။ ၎င်းမှာမြားနတ်မောင်မဂ္ဂဇင်းတွင် ဆယ်နှစ်ခန့် အယ်ဒီတာချုပ် လုပ်ခဲ့သည့် အတွက် စိစစ်ရေးနှင့် ပတ်သက်၍ ပုံစံအမျိုးမျိုးကြုံတွေ့ခဲ့ရသည်ဟုဆိုသည်။
“တင်းကြပ်တယ်ဆိုတဲ့မူဝါဒကတော့ ထောက်လှမ်းရေးခေတ်နဲ့ အခုဘာမှမကွာဘူး၊ လူပဲပြောင်းသွားတယ် မူကတော့ ဒါပဲ” ဟုမဂ္ဂဇင်းအယ်ဒီတာတဦးကပြောသည်။
၂၀၀၇ခုနှစ် ဇူလိုင်လအတွင်းကမူ စစ်အစိုးရသတင်းစာများကို ဝေဖန်အကြံပြုစာများပေးပို့နိုင်ကြောင်းနှင့် အကောင်းဆုံးဝေဖန်သူကို ဆုငွေများချီးမြှင့်မည်ဖြစ်ကြောင်း သတင်းစာအချပ်ပိုများဖြင့် ဖိတ်ခေါ်ခဲ့သေး သည်။ သို့သော်နောက်ပိုင်းတွင် သတင်းရေးသားသည့်ပုံစံနှင့် ပါဝင်သည့်အကြောင်းအရာများ အနည်း ငယ်ပြောင်းလဲလာသည်မှအပ ထူးခြားမှုမရှိခဲ့ပေ။
စက်တင်ဘာအရေးအခင်းမတိုင်မီက ပြည်ပမီဒီယာများနှင့်ပတ်သက်၍ မည်သို့မျှပြောဆိုခြင်းမရှိသော်လည်း စက်တင်ဘာနောက်ပိုင်းတွင်မူ အတိုက်အခံသတင်းမီဒီယာများကို ပြင်းပြင်းထန်ထန်ဝေဖန်ရေးသားရုံမက စစ်အစိုးရပိုင်သတင်းစာများတွင် စာလုံးမဲကြီးများဖြင့် ဖော်ပြဝေဖန်တိုက်ခိုက်လျက်ရှိသည်။
ဇန်နဝါရီ၁၃ရက်နေ့ကကျင်းပသော ပြည်ခိုင်ဖြိုးနှစ်ပတ်လည်အထိမ်းအမှတ် ဗီဒီယိုဇာတ်လမ်းအတွက် ဂုဏ်ပြုညစာစားပွဲ ကျင်းပရာတွင်လည်း ဗိုလ်မှူးချုပ်ကျော်ဆန်းက မီဒီယာ၏စွမ်းအားသည် မျိုးဆက်သစ်လူ ငယ်များကို လမ်းမှန်ရောက်အောင်စွမ်းဆောင်နိုင်သကဲ့သို့ လမ်းမှားကိုဆိုးဆိုးရွားစွာရောက်အောင် စွမ်း ဆောင်နိုင်ကြောင်း၊ နိုင်ငံတနိုင်ငံ တိုင်းပြည်တပြည်ကိုလည်း ကိုလိုနီလက်သစ်သြဇာခံနိုင်ငံဘဝသို့ရောက် အောင် စွမ်းဆောင်ပေးနိုင်ကြောင်း စသည်ဖြင့်ပြောသွားခဲ့သည်။
“ပွင့်ပွင့်လင်းလင်းရှိမယ့် မီဒီယာတွေနဲ့ အပြန်အလှန်ဝေဖန်ရေးသားနိုင်တဲ့အခြေအနေမျိုးဆိုရင်တော့ သူပြော သလို ကိုလိုနီလက်သစ်နိုင်ငံမျိုးဖြစ်မှာမဟုတ်ဘူးဆိုတာ ကျနော်ပြောရဲတယ်” ဟု ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။ ၎င်းအနေဖြင့် ပြည်တွင်းသတင်းဂျာနယ်၌ လုပ်ကိုင်နေရသည့်အခြေအနေတွင် စိတ်ကျေနပ်မှု မရနိုင်ဟုဆိုသည်။
“ကျနော်တို့စိတ်ကျေနပ်တယ် မကျေနပ်ဘူးဆိုတာက တပတ်တပတ် ဘယ်နှပုဒ်လွတ်တယ် ဘယ်နှပုဒ်ပြုတ် တယ် ဆိုတဲ့အပေါ်မှာမူတည်တယ်၊ တခါတလေ ရှားရှားပါးပါးလွတ်လာတာမျိုးလေးတွေရှိရင် ပျော်တယ်” ဟု ၎င်းကဆက်ပြောသည်။
၂၀၀၇နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံစာပေစိစစ်နှင့်မှတ်ပုံတင်ဌာနညွှန်မှူးက အပတ်စဉ်ထုတ်ဂျာနယ် အယ်ဒီတာများကိုဆင့်ခေါ်၍ ဂျာနယ်ထုတ်ဝေရေးစီးဆင်းမှုပုံစံ ပိုမိုမြန်ဆန်ရေးအတွက် အကြံဥာဏ်များ တောင်းခံခဲ့သေးကြောင်း အယ်ဒီတာတဦးကပြောပြသည်။
“အကြံဥာဏ်တောင်းတယ်ဆိုပေမယ့် သူတို့စဉ်းစားထားတာကိုပဲပြောသွားတာပါ၊ ဂျာနယ်တွေဘက်က အကြံပေးပေမယ့် သူတို့ဘက်က ဘာမှလက်မခံဘူး နောက်ဆုံးပြောသမျှခေါင်းညိတ်ပြီးပြန်လာရတာပဲ” ဟု ၎င်းကဆက်ပြောသည်။
ဗိုလ်မှူးတင့်ဆွေကိုယ်တိုင် စာပေသမားအမည်ခံထားသော်လည်း ဗိုလ်ချုပ်ကျော်ဆန်း၏အလိုကျ စည်းကမ်း ချက်များကို အမျိုးမျိုးပြောင်းလဲသတ်မှတ်နေရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ ဂျာနယ်အယ်ဒီတာချုပ်များ အနေနှင့် ဗိုလ်မှူးတင့်ဆွေနှင့်အဆင်ပြေရုံဖြင့် မလုံလောက်ဘဲ ဗိုလ်ချုပ်ကျော်ဆန်းထံဝင်ထွက်၍ အလိုကျနေ နိုင်မှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ၎င်း၏အတွေ့အကြုံကိုရှင်းပြသည်။
ဗိုလ်မှူးချုပ်ကျော်ဆန်းအနေနှင့် မီဒီယာလက်နက်ဟူသောဝေါဟာရကို သုံးစွဲ၍ အရသာတွေ့နေပုံရသည်။ ယခင်လကကျင်းပခဲ့သော အာဆီယံနိုင်ငံများ အစည်းအဝေးတွင် အင်အားကြီးနိုင်ငံများက မီဒီယာကိုလက် နက်သဖွယ်အသုံးချကာ နိုင်ငံငယ်ကလေးများကို အနိုင်ကျင့်နေသဖြင့် နိုင်ငံငယ်ကလေးများက အခြင်းခြင်း စည်းစည်းလုံးလုံးဖြင့် ပြန်လည်တိုက်ခိုက်နိုင်ရမည် ဟုအသံကျယ်ကျယ်ဖြင့် ပြောသွားခဲ့သေး၏။
ခုတလောတွင်လည်း စစ်အစိုးရပိုင်သတင်းစာများပေါ်တွင် မီဒီယာလက်နက်ဆိုသည့် စကားလုံးက မမြင်ချင် အဆုံးဖြစ်နေသည်။ ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင်ပင် ထွန်းဖောင်ဒေးရှင်း စာပေဆုပေးပွဲ၌ ဗိုလ် မှူးချုပ်ကျော်ဆန်း၏ မီဒီယာလက်နက်အကြောင်းမိန့်ခွန်းကို ဖတ်လိုက်ရသေးသည်။ အမျိုးသားအကျိုးစီးပွား ကို မီဒီယာစွမ်းပကားဖြင့် ကာကွယ်ထိန်းသိမ်းရမည်။ အဆင့်အတန်းမြင့်မားသည့်အတွေးနှင့် အမျိုးသားရေး အမြင်တို့ဖြင့် စာပေလောကဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံနှင့် လူမျိုးဂုဏ်ကိုမြှင့်တင်ရမည် စသည်ဖြင့် ရေးသား ထားသည်။
စက်တင်ဘာအရေးအခင်းနောက်ပိုင်း အတိုက်အခံမီဒီယာများကို ထိတ်လန့်ပြီး ပြည်တွင်းမီဒီယာများကို စစ်အစိုးရအတွက် လက်နက်သဖွယ်အသုံးချချင်နေတာကတော့သေချာသည်။ စစ်အစိုးရ၏အလိုကျ သေဆို သေရှင်ဆိုရှင်နေရသော ပြည်တွင်းမီဒီယာသမားများမှာ သနားစရာကောင်းလှသည်။ တချို့မီဒီယာစီးပွားရေး သမားများကတော့ တချိန်ချိန်တွင် နေ့စဉ်ထုတ်သတင်းစာထုတ်ခွင့် ပေးလာနိုင်သည်ဟူသော မျှော်လင့်ချက် ကလေးဖြင့် ဗိုလ်ချုပ်ကျော်ဆန်းအလိုကျ အပါးတော်မြဲလုပ်နေကြကြောင်း ဂျာနယ်လောကမှ ကြားသိရ သည်။
ဗိုလ်မှူးချုပ်ကျော်ဆန်းက အသံကျယ်နေနိုင်သော်လည်း ဗိုလ်မှူးတင့်ဆွေကတော့ တိတ်ဆိတ်နေသည်။ ဘာသံမှမကြားရ။ စာပေအရေခြုံထားသောစစ်ဗိုလ်ဟောင်းကြီးအနေနှင့် အထက်အမိန့်မရဘဲ ‘ဟုတ်တယ် မဟုတ်ဘူး’ စကားလေးတခွန်းကိုပင် မဖြေကြားနိုင်သည့်အတွက် “နားလည်ပေးလိုက်ပါတယ်” ဟုသာဆိုရပါ တော့မည်။ ။

အပြည့်အစုံသို့ ..

သတင်းထောက်ချုပ်နုတ်ထွက်ကြောင်း မြန်မာတိုင်းမ်(စ်) အတည်ပြု

မြန်မာတိုင်းမ်(စ်) ဂျာနယ်တပတ်ပိတ်လိုက်ရပြီးနောက် သတင်းထောက်ချုပ် ကိုဝင်းကျော်ဦးနုတ်ထွက်သွား ပြီဖြစ်ကြောင်း ၎င်းဂျာနယ်၏အမှုဆောင်အရာရှိချုပ် မစ္စတာရော့စ်ဒန်ကလေက ပြည်ပသတင်းမီဒီယာများသို့ အတည်ပြုပြောကြား လိုက်သည်။
မြန်မာတိုင်းမ်(စ်)ဂျာနယ်တွင် ဂြိုဟ်တုစလောင်းလိုင်စင်ကြေးများ ဆိုင်းငံ့ထားသည့်သတင်း ရေးသားဖော်ပြ လိုက်သည့် အတွက် ဂျာနယ်ကို စာပေစိစစ်ရေးက တပတ်ပိတ်ပင်ကာ အယ်ဒီတာသုံးဦးနှင့် သတင်းထောက် ချုပ်တို့ကို အလုပ်မှ ထုတ်ခိုင်းသည် ဟူသောသတင်း ပြည်တွင်းဂျာနယ်အသိုင်းအဝန်းမှထွက်ပေါ်ခဲ့သည်။
အလုပ်မှထုတ်ခိုင်းသည်ဟု သတင်းထွက်ပေါ်နေသော အယ်ဒီတာသုံးဦးမှာ မနွယ်နွယ်အေး၊ ကိုဝင်းညွန့်လွင် နှင့် ဦးမြင့်စိုးတို့ဖြစ်ပြီး သတင်းထောက်ချုပ်မှာ ကိုဝင်းကျော်ဦးဖြစ်သည်။
ထိုသတင်းထွက်ပေါ်ပြီး ငါးရက်အကြာ မြန်မာတိုင်းမ်(စ်)ဂျာနယ်နှင့်နီးစပ်သူတဦး၏ပြောပြချက်အရ အယ်ဒီ တာသုံးဦးကို နုတ်ထွက်ခိုင်းခြင်းမဟုတ်ဘဲ ကိုဝင်းကျော်ဦးတဦးတည်းကိုသာ ထွက်ခိုင်း၍ အယ်ဒီတာသုံးဦးကို ဌာနများပြောင်းလဲ တာဝန်ထမ်းဆောင်စေမည်ဟု ဆိုသည်။
“ကိုဝင်းကျော်ဦးကို ဒီလောကမှာ ဗီယက်နမ်ဝင်းကျော်ဦးလို့နာမည်ကြီးတယ်၊ သတင်းစာရှင်းလင်းပွဲတခုမှာ ဗိုလ်ချုပ်ကျော်ဆန်းနဲ့ ပြဿနာဖြစ်ဖူးလို့ နောက်ပိုင်းသတင်းစာရှင်းလင်းပွဲဆိုရင် သူလုံးဝတက်ခွင့်မရတော့ ဘူး” ဟု အယ်ဒီတာတဦးကပြောသည်။
သတင်းစာရှင်းလင်းပွဲတခုတွင် ကိုဝင်းကျော်ဦးက ဗိုလ်မှူးချုပ်ကျော်ဆန်းအား မြန်မာပြည်ကဗီယက်နမ်ထက် ပြုပြင်ပြောင်းလဲမှုများစောစီးစွာပြုလုပ်သော်လည်း ဗီယက်နမ်ထက်များစွာ နောက်ကျနေရသည့် အကြောင်း ရင်းကိုမေးမြန်းရာ ဗိုလ်ချုပ်ကျော်ဆန်းက စိတ်ဆိုးပြီး နောက်ပိုင်းသတင်းစာရှင်းလင်းပွဲများသို့ တက်ရောက် ခွင့်ပိတ်ပင်လိုက်သဖြင့် ဗီယက်နမ်ဝင်းကျော်ဦးဟု အမည်တွင်ခဲ့ကြောင်း ဂျာနယ်အသိုင်းအဝန်းမှ ကြားသိရ သည်။
“တယောက်ထွက်ရတယ်ဆိုလည်း မနည်းဘူးဗျ၊ ကိုဝင်းကျော်ဦးကိုတော့ တော်တော်လေး အမြင်မကြည်ပုံရ တယ်၊ ဒါကြောင့်ထုတ်လိုက်တာလို့ထင်တယ်” ဟုဂျာနယ်အယ်ဒီတာတဦးကသုံးသပ်သည်။
ယခုလက်ရှိတွင် မနွယ်နွယ်အေးမှာ ခွင့်ယူ၍အနားယူနေကြောင်း မြန်မာတိုင်းမ်(စ်)နှင့်နီးစပ်သူတဦးကပြော သည်။
“ဂျာနယ်တပတ်ပိတ်လိုက်ရတော့ ကြော်ငြာကဝင်မယ့် ကျပ်သိန်း၁၀၀လောက် နစ်နာသွားတယ်၊ အဲဒါ ကြောင့် မစ္စတာရော့စ်ဒန်ကလေက တော်တော်လေးစိတ်ဆိုးနေတယ်” ဟု ၎င်းကပြောသည်။
မစ္စတာရော့ဒန် ကလေက ကိုဝင်းကျော်ဦးအနေနှင့် အလုပ်မှနုတ်ထွက်လိုက်ခြင်းဖြစ်သည်ဟု ပြည်ပမီဒီယာ များကို ဖြေကြားသော်လည်း အလုပ်မှဖြုတ်လိုက်ခြင်းသာဖြစ်ကြောင်း ကိုဝင်းကျော်ဦးနှင့်နီးစပ်သည့် အသိုင်း အဝန်းမှကြား သိရသည်။
မြန်မာနိုင်ငံစာပေစိစစ်နှင့်မှတ်ပုံတင်ဌာနက မြန်မာတိုင်းမ်(စ်)ဂျာနယ် အယ်ဒီတာသုံးဦးနှင့် သတင်းထောက် ချုပ်ကို နုတ်ထွက်စေခြင်း ဟုတ် မဟုတ်ကို မစ္စတာရော့စ် ဒန်ကလေအား အင်တာဗျူးလုပ်၍ ပြည်တွင်းသတင်းဂျာနယ်များတွင် ထည့်သွင်း ရေးသားခွင့်ပြုထားကြောင်း သတင်းဂျာနယ် အသိုင်းအဝန်းမှကြားသိရသည်။
ထိုသို့ ဂျာနယ်ထဲတွင်ထည့်သွင်းရေးသားရန် ပြည်တွင်းသတင်းဂျာနယ်တစောင်က မစ္စတာရော့စ်ဒန်ကလေ အားမေးမြန်းရာ ၎င်းကပြောရန်စောသေးသည်ဟု ပြန်ကြားကြောင်းသိရသည်။

http://www।irrawaddy.org/bur/news2008/January/jan_18a_08.html

အပြည့်အစုံသို့ ..