Friday, March 14, 2008

ကျွန်တော်တို့ဟာ ကျဆုံးခဲ့သူများအပေါ် တာဝန်ကျေရမည်

ကျွန်တော်တို့ဟာ ကျဆုံးခဲ့သူများအပေါ် တာဝန်ကျေရမည်

မြန်မာပြည်တတိယမျိုးဆက်

ယနေ့အချိန်မှာ စစ်အစိုးရဟာ ၄င်းတို့ ရရှိပြီးဖြစ်တဲ့ အာဏာကို အသုံးပြုလျှက် တိုင်းပြည်အာဏာကို အပြီးတိုင်ရယူရန် အမျိုးသားညီလာခံ၊ ပြည်သူ့ဆန္ဒ ခံယူပွဲများနှင့် အတုအယောင် မဲပေးပွဲများကို ကျင်းပပြုလုပ်ကာ မြန်မာနိုင်ငံကို အပြီးတိုင် စစ်ကျွန်ဘ၀သို့ သွတ်သွင်း တော့မည်ဖြစ်သည်။

၁၉၈၈ ခုနှစ်မှ စတင်ကာ စစ်မှန်သော ဒီမိုကရေစီစနစ် မြန်မာနိုင်ငံတွင် ဖြစ်ထွန်းရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော မြန်မာ့ နိုင်ငံရေးလှုပ်ရှားသူ (မြန်မာ့ဒီမိုကရေစီအ ရေးလှုပ်ရှားသူ) များကို ရက်စက်ကြမ်းတမ်းစွာ အရေးယူမှုများ၊ ပြစ်ဒဏ်များ ချမှတ်လျှက် မျိုးဆက်သစ် လူငယ်များအတွင်း ဒီမိုကရေစီအရေး စိတ်မ၀င်စားရဲစေရန် ဆောင်ရွက်ခဲ့ကြောင်းကို ပြီးခဲ့သည့် ရဟန်းသံဃာတော်များ ဦးဆောင်သော ရွှေဝါရောင်တော်လှန်ရေး မြင်ကွင်းများက သက်သေ ထူလျှက်ရှိသည်။

ထို့ကြောင့် ၁၉၈၀ လွန်နှစ်များတွင် မွေးဖွားခဲ့သော ကျွန်တော်တို့ မြန်မာနိုင်ငံ၏ တတိယမျိုးဆက်ဖြစ်သော ကျွန်တော်တို့အနေဖြင့် မြန်မာ့ ဒီမိုကရေစီ အရေးအတွက် အသက် ပေးလှူ စတေးခဲ့ရသော မြန်မာ့ဒီမိုကရေစီ သူကောင်းများအတွက် တာဝန် ကျေသူများအဖြစ် ရောက်ရှိအောင် ဆောင်ရွက်ကြရမည့် အချိန်ပင်ဖြစ်သည်။

ကျွန်တော်တို့ဟာ စစ်သေနတ် ပြောင်းဝအောက်တွင် ရှင်သန် ကြီးထွားခဲ့ရသူများဖြစ်သလို စစ်အာဏာနှင့် စနစ်တကျ ဖျက်ဆီးခံထားရသော ဦးနှောက်များကိုသာ ပိုင်ဆိုင်ကြသူများအဖြစ် မိမိတို့ကို မိမိတို့ မထင်မှတ်ကြစေလိုပေ။ ထို့ကြောင့် ကျွန်တော်တို့ မျိုးဆက်များ အနေဖြင့် မိမိတို့ဘ၀ကို ဖျက်ဆီးခဲ့သော စစ်အာဏာရှင်စနစ်ကို မြန်မာမြေမှ အပြီးတိုင် ကျဆုံးသွားစေရန် နည်းလမ်းများ ရှာဖွေလျှက် ဆောင်ရွက်သွားသင့်ပေသည်။

ထိုသို့ နည်းလမ်းများ ရှာဖွေဆောင်ရွက်ရာတွင် ကျွန်တော်တို့ဟာ လမ်းမထွက် ဆန္ဒပြခဲ့ကြ၊ သေကြေ အပျက်စီး ခံခဲ့ကြရပြီးသော်လည်း အတိုင်းအတာ တစ်ခုအထိသာ အောင်မြင်မှုရရှိခဲ့ရာ ထို့ထက် မြန်မာ့ ဒီမိုကရေစီအရေး ပိုမိုလျှင်မြန်စွာ ဖော်ဆောင်စေနိုင်မည့် နည်းလမ်းသစ်များကို ရှာဖွေ ဆောင်ရွက်ကြရပေမည်။

အပြည့်အစုံသို့ ..