Sunday, January 27, 2008

စက်တင်ဘာလူထုလှုပ်ရှားမှုတွင် သေဆုံးသွားသော ဂျပန်သတင်းထောက်တစ်ဦး၏အကြောင်းအား ဖြစ်ရပ်မှန်ဝတ္ထုတစ်ပုဒ်ရေးသားမည်။

ပြီးခဲ့သည့် သံဃာတော်များ ဦးဆောင်သော မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှု စက်တင်ဘာတော်လှန်ရေး အတွင် မြန်မာပြည်သူများအတွက် အသက်ကိုပင်မမှုပဲ မှတ်တမ်းတင်သတင်းဓာတ်ပုံနှင့် ဗီဒီယိုများရိုက်ကူးခဲ့ပြီး စက်တင်ဘာ (၂၆) ရက်နေ့တွင် စစ်တပ်၏ အကြမ်းဖက်နှိုမ်နင်းမှုကြောင့် သေနက်ဖြင့် ပစ်သက်ခြင်းခံရကာ သက်သေဆုံးသွားခဲ့ရသူ ဂျပန်သတင်းထောက် Mr।Nagai Kenji အကြောင်းအား အခြေခံလျှက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှု ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားတစ်ကားအား ရိုက်ကူးနိုင်ရေးအတွက် ရည်ရွယ်ပြီး ကျွန်တော်

ဝတ္ထုဇာတ်လမ်းကိုရေးသားသွားမှာဖြစ်ပါတယ်။
ဒါကြောင့်ယခုအချိန်ဟာ တိုင်းပြည်အတွင်းမှာ နိုင်ငံရေးလှုပ်ရှားသူများကို စစ်အစိုးရအာဏာပိုင်များမှ အကြောင်းရှာ ဖမ်းဆီးလျှက်ရှိနေသဖြင့် သေဆုံးသွားသူ Mr।Nagai Kenji၏ ကိုယ်အချက်အလက်များကို တိုင်း ပြည်အတွင်းမှာ စုစည်းနိုင်ရန်ခဲ့ယင်းနေသဖြင့် သူနှင့်ပတ်သက်သမျှ အချက်အလက်များကို ဆိုက်ဘာအတိုက်အခံပုဂ္ဂိုလ်များအနေဖြင့် ပြည်ပမှ ရှာဖွေစုဆောင်းပေးကြရန် တိုက်တွန်းအပ်ပါတယ်။

ဒီအကြောင်းအရာကို ၀တ္ထုဇာတ်လမ်းရေးသားလိုရခြင်းနှင့် ပတ်သက်ပြီး ပြောပြရလျှင် ကျွန်တော်တို့တိုင်းပြည်ရဲ့ အမျိုးသားရေးလှုပ်ရှားမှုမှာ ဘာမဆိုင်ညာမဆိုင်နှင့် ကြားကသေဆုံးသွားရတဲ့ တိုင်းတစ်ပါးတစ်ယောက်ကို ဂုဏ် ပြုချင်တာလည်းပါဝင်သလို ကျွန်တော်တို့တိုင်းပြည်အတွက် ဘယ်လိုမှ မမေ့နိုင်တဲ့ စက်တင်ဘာလှုပ်ရှားမှုကို မြန်မာ့သမိုင်းမှာရော ကမ္ဘာ့သမိုင်းမှာပါ ကျန်ရှိနေစေချင်တဲ့ ခံယူချက်တစ်ခုတည်းနဲ့ကျွန်တော်ရေးသားလိုတာပါ။ လို့ ကျွန်တော်ပြောလိုပါတယ်။
ဒီဇာတ်လမ်းအတွင်းမှာတော့ ဂျပန်သတင်းထောက် Mr।Nagai Kenjiက သတင်းအတွက် အသက်စွန်လွှတ်ခဲ့သ လို တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ခန္ခာကိုယ်ကိုစွန့်လွှတ်ပြီး အရေးတော်ပုံမှာပါဝင်ခဲ့တဲ့ သံဃာတော်များကို ကိုယ်စားပြုတဲ့ သံဃာတော်တစ်ပါး၊ နိုင်ငံရေးလုပ်တယ်ဆိုတာ အသက်အရွယ်နဲ့ဘာမှဆိုင်တာမဟုတ်ဘူး။ ကျွန်မတို့ အခုအသက် (၁၈) နှစ်မှာ တိုင်းပြည်က ဒီလိုဖြစ်နေတယ်။ ကျွန်မတို့မွေးလာမယ့် သားသမီးတွေရဲ့ အသက် (၁၈) မှာ ကျွန်မတို့ အဖြစ်ဆိုးတွေနဲ့ မကြုံတွေ့စေချင်လို့ ကျွန်မတို့ဟာ ကျောင်းသားသမဂ္ဂအလံကိုင်ပြီး ပြည်သူ့ဆန္ဒပြည့်ဝပါစေဆိုပြီး ဆုတောင်းပေးတယ်။ ဒါကို ရှင်တို့က ဖမ်းချင်တယ်ဆိုလဲဖမ်းပေါ့ဆိုတဲ့ ကျောင်းသူတစ်ယောက်ရဲ့ အသက် (၁၈) နှစ်အရွယ်ကျောင်းသူတစ်ယောက်ရဲ့ နိုင်ငံရေးခံယူချက်များနှင့်
အသက် (၁၈) နှစ်မပြည့်သေးဘူးဗျာ။ ပြည့်တန်ဆာလုပ်ငန်းကို လုပ်ကိုင်နေကြရတဲ့ ကျွန်တော့်ညီမအရွယ် မိန်းကလေးတွေ ကျွန်တော်တို့တိုင်းပြည်မှာ ဘယ်လောက်များနေပြီလဲ။ ဘာလမ်းဘစ်ကားမှတ်တိုင် လမ်း (၃၀) ဘစ်ကားမှတ်တိုင်တွေမှာ တစ်နေကုန်မတ်တက်ရပ်ပြီး ဖောက်သည်ရှာနေရတဲ့ မြန်မာအမျိုးကောင်းသမီးလေး တွေ.... သူတို့တွေ ဒီလိုဖြစ်နေတာ ဘယ်သူ့ကြောင့်လဲ....ဟုတ်ပြီ....စားဝတ်နေရေးဆိုတဲ့ အခက်အခဲကို ရင်ဆိုင် ဖြေရှင်းနေကြရဲ့တဲ့ သူတို့တွေရဲ့ စားဝတ်နေရေး အဆင်မပြေမှုဆိုတာ ဘယ်သူတွေကြောင့်ဖြစ်နေရတာလဲ...စတဲ့ ခံယူချက်တွေနဲ့ ဆိုက်ဘာတော်လှန်ရေးဆင်နွဲလိုတဲ့ အသက် (၂၆) နှစ်အရွယ် ဘလော့ခ်တစ်ယောက်စတဲ့ စတဲ့ ဇာတ်ကောင်စရိုက်ကာရိုက်တာများနှင့် ရေးသားသွားမှာဖြစ်ပါတယ်။ ဇာတ်လမ်းအဆုံးသက်ကို စက်တင်ဘာလူထုလုပ်ရှားမှု အောင်မြင်တဲ့ပုံစံမျိုး တင်ဆက်သွားမှာမဟုတ်ပါဘူး။

ဂျပန်သတင်းထောက်သေဆုံးသွားတဲ့ အချိန်မှာ ဇာတ်လမ်းကို အဆုံးသတ်ထားမှာဖြစ်ပါတယ်။ ဒီအချိန်မှာ နောက်ခံတေးသီချင်းအနေဖြင့် ၁၉၈၈ ခုနှစ် အရေးအခင်အပြီးတွင်ထွက်ရှိလာတဲ့ တေးသံရှင် မွန်းအောင်သီဆို ဆိုထားတဲ့ ကမ္ဘာမကြေဘူး..... တေးသီချင်းကို နောက်ခံထားလျှက် စစ်သားကားတွေ လူအုပ်ကြားထဲအတင်း ထိုးဝင်လာပုံတွေ.....စွမ်းအားရှင်တွေက အပြစ်မယ့်ပြည်သူလူထု လူ့အခွင့်အရေးကို လမ်းမပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုကြတဲ့ ပြည်သူလူထုတွေကို ထုတ်နှင့်ရိုက်နက်ဖမ်းဆီးသွားပုံတွေကို စက်တင်ဘာလူထုလှုပ်ရှား မှုအတွင်း ကျွန်တော်ကိုယ်တိုင် တွေ့ကြုံရင်ဆိုင်ခဲ့ရသည်များကို ဇာတ်လမ်းဆင်ရေးသားသွားမှာဖြစ်ပါတယ်...
ဒီလို နှိုမ်နင်းများအတွင်းမှာတော့ စားဝတ်နေရေးအခက်အခဲကို ရင်ဆိုင်ကြုံတွေနေကြရတဲ့ ဒကာ ဒကာမတွေ အတွက် လမ်းမပေါ်ထွက် ပရိတ်ဝတ်တဲ့သံဃာတော်တစ်ပါး....မျိုးဆက်အတွက်ဆိုပြီး ခွှတ်ဒေါင်းအလံကိုင်ဆောင် လာတဲ့ အသက် (၁၈) နှစ်အရွယ် အကျောင်းသူကလေး... သူတို့တွေရဲ့....အသက်သွေးချွေးတို့နှင့်အတူ ဂျပန်သတင်းထောက်ကြီး.....စတဲ့စတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းများကို ကျွန်တော် မြန်မာ့မြေပေါ်မှာဖြစ်ပွားခဲ့တဲ့ စက်တင်ဘာလှုပ်ရှားမှုကို အခြေခံလျှက် မြန်မာ့သမိုင်းမော်ကွန်းသစ်ကို ရေးထိုးသွားမှာဖြစ်ပါတယ်။
ဒီလို ၀တ္ထုရေးသားဖို့အတွက် အချက်အလက်များနှင့် ကိုယ်တွေ့အတွေ့အကြုံများကို ပြောကြားလိုတယ်...အကြံပေးချင်တယ်ဆိုတဲ့ သူများအတွက် ကျွန်တော့် အီးမေးလ်လိပ်စာကတစ်ဆင့်ဆက်သွယ်နိုင်ပါတယ်။
ဝတ္ထုရေးသားဖို့ အချိန်ကာလအားဖြင့် သုံးလကြာမြင့်မှာဖြစ်ပြီး ရေးသားပြီးပါက ကျွန်တော်၏ ယခုဘလော့တွင် ပင် အခမယ့်တင်ပေးထားမှာဖြစ်ပါတယ်။
မင်းထက်ဘုန်းမြတ်

အပြည့်အစုံသို့ ..

စစ်အစိုးရက နည်းအမျိုးမျိုးအသုံးပြုပြီး သတင်းရေစီး ပိတ်ပင်နေသော်လည်း ဆိုက်ဘာအတိုက်အခံသမားများ၏ သတင်းရေစီး မပျက်စီးဆင်း

စစ်အစိုးရက နည်းအမျိုးမျိုးအသုံးပြုပြီး သတင်းရေစီး ပိတ်ပင်နေသော်လည်း ဆိုက်ဘာအတိုက်အခံသမားများ၏ သတင်းရေစီး မပျက်စီးဆင်း

မင်းထက်ဘုန်းမြတ်

အခုအချိန်မှာ စစ်အစိုးရ နည်းပညာများနှင့် လက်အတွင်းတည်ရှိသော အာဏာကို အသုံးပြုကာ ဆိုက်ဘာအတိုက်အခံသမားများ၏ သတင်းရေစီး စီးဆင်းမှုကို နည်းအမျိုးမျိုးအသုံးပြုကာ ပိတ်ပင်တားဆီး
အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်လျှက်ရှိတာကို ကျွန်တော်တို့ ဆိုက်ဘာအတိုက်အခံသမားများ
အသိပင်ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အစိုးရရဲ့ ဆောင်ရွက်မှုများဟာ ပညာတက် နည်းပညာရှင်များနှင့် ဆိုက်ဘာ အတိုက်အခံသမားတို့ရဲ့ အမျိုးသားရေးကြိုးပမ်းအကောင်အထည်ဖော်မှုကို ဘယ်လိုမှ မပိတ်ပင် မကွာနိုင်တဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။

အဘယ်ကြောင့်ဆိုသော် နည်းပညာရှင်များဟာလည်း ဆိုက်ဘာအတိုက်အခံသများအတွက် နည်းပညာပိုင်းဆိုင် ရာလိုအပ်ချက်များကို ဖြည့်စည်းပေးတဲ့အနေဖြင့် အွန်လိုင်းပိတ်ပင်မှုကို ကာကွယ်ကျော်ဖြတ်နိုင်တဲ့ နည်းပညာ သစ်များကို ဆိုက်ဘာအတိုက်အခံသမားများထံ ဖြန့်ဝေပေးနိုင်တဲ့အပြင် ဆိုက်ဘာအတိုက်အခံသမားများ၏ အွန်းလိုင်းအမျိုးသားရေးလှုပ်ရှားမှုများကိုလည်း မျိုးချစ်စိတ်အရင်းခင်ပြီး ကွာကွယ်ပေးနေသောကြောင့်ပင်ဖြစ်ပါ တယ်။

ဒါကြောင့် စစ်အစိုးရဟာ ယခုအချိန်မှာ အများသုံးအင်တာနက်ဆိုင်များတွင် စွမ်းအားရှင်များကို တာဝန်ချထား ပေးပြီး နိုင်ငံရေးအကြောင်းအရာများကို ရေးသား၊ ကြည့်ရှုသူများကို စောင့်ကြပ်ကြည့်ရှုလျှက်ရှိပါတယ်။ ဒါကို သိရှိထားကြတဲ့ ဆိုက်ဘာကဖေးဝန်ထမ်းများဟာ ဒီလိုလုံခြုံရေးပိုင်းအားနည်းနေချိန်များတွင် အွန်လိုင်းနိုင်ငံရေး လှုပ်ရှားသူများကို အသုံးမပြုရန်တည်းတိုးပြောဆိုသတိပေးမှုများရှိနေတဲ့အတွက် အကာအကွယ်ဖြစ်စေနေ ပါတယ်။

အပြည့်အစုံသို့ ..