Sunday, January 27, 2008

စစ်အစိုးရက နည်းအမျိုးမျိုးအသုံးပြုပြီး သတင်းရေစီး ပိတ်ပင်နေသော်လည်း ဆိုက်ဘာအတိုက်အခံသမားများ၏ သတင်းရေစီး မပျက်စီးဆင်း

စစ်အစိုးရက နည်းအမျိုးမျိုးအသုံးပြုပြီး သတင်းရေစီး ပိတ်ပင်နေသော်လည်း ဆိုက်ဘာအတိုက်အခံသမားများ၏ သတင်းရေစီး မပျက်စီးဆင်း

မင်းထက်ဘုန်းမြတ်

အခုအချိန်မှာ စစ်အစိုးရ နည်းပညာများနှင့် လက်အတွင်းတည်ရှိသော အာဏာကို အသုံးပြုကာ ဆိုက်ဘာအတိုက်အခံသမားများ၏ သတင်းရေစီး စီးဆင်းမှုကို နည်းအမျိုးမျိုးအသုံးပြုကာ ပိတ်ပင်တားဆီး
အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်လျှက်ရှိတာကို ကျွန်တော်တို့ ဆိုက်ဘာအတိုက်အခံသမားများ
အသိပင်ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အစိုးရရဲ့ ဆောင်ရွက်မှုများဟာ ပညာတက် နည်းပညာရှင်များနှင့် ဆိုက်ဘာ အတိုက်အခံသမားတို့ရဲ့ အမျိုးသားရေးကြိုးပမ်းအကောင်အထည်ဖော်မှုကို ဘယ်လိုမှ မပိတ်ပင် မကွာနိုင်တဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။

အဘယ်ကြောင့်ဆိုသော် နည်းပညာရှင်များဟာလည်း ဆိုက်ဘာအတိုက်အခံသများအတွက် နည်းပညာပိုင်းဆိုင် ရာလိုအပ်ချက်များကို ဖြည့်စည်းပေးတဲ့အနေဖြင့် အွန်လိုင်းပိတ်ပင်မှုကို ကာကွယ်ကျော်ဖြတ်နိုင်တဲ့ နည်းပညာ သစ်များကို ဆိုက်ဘာအတိုက်အခံသမားများထံ ဖြန့်ဝေပေးနိုင်တဲ့အပြင် ဆိုက်ဘာအတိုက်အခံသမားများ၏ အွန်းလိုင်းအမျိုးသားရေးလှုပ်ရှားမှုများကိုလည်း မျိုးချစ်စိတ်အရင်းခင်ပြီး ကွာကွယ်ပေးနေသောကြောင့်ပင်ဖြစ်ပါ တယ်။

ဒါကြောင့် စစ်အစိုးရဟာ ယခုအချိန်မှာ အများသုံးအင်တာနက်ဆိုင်များတွင် စွမ်းအားရှင်များကို တာဝန်ချထား ပေးပြီး နိုင်ငံရေးအကြောင်းအရာများကို ရေးသား၊ ကြည့်ရှုသူများကို စောင့်ကြပ်ကြည့်ရှုလျှက်ရှိပါတယ်။ ဒါကို သိရှိထားကြတဲ့ ဆိုက်ဘာကဖေးဝန်ထမ်းများဟာ ဒီလိုလုံခြုံရေးပိုင်းအားနည်းနေချိန်များတွင် အွန်လိုင်းနိုင်ငံရေး လှုပ်ရှားသူများကို အသုံးမပြုရန်တည်းတိုးပြောဆိုသတိပေးမှုများရှိနေတဲ့အတွက် အကာအကွယ်ဖြစ်စေနေ ပါတယ်။

No comments: