Saturday, March 22, 2008

ဧပြီ (၂၆) ရက်နေ့မှာ တပြိုင်တည်း သပိတ်မှောက်ကြရန် သာသနာ့ဥသျှောင်အဖွဲ့မှ နှိုးဆော်လိုက်ပြီ


အပြည့်အစုံသို့ ..

မျက်မှောက်ခေတ်ပညာရေးနှင့် မြန်မာ့လူ့အဖွဲ့အစည်း

မျက်မှောက်ခေတ်ပညာရေးနှင့် မြန်မာ့လူ့အဖွဲ့အစည်း
MHT
awaiset.navanar@gmail.com
www.myanmar-ht.blogspot.com
ကြိုးနီသဘောတရားတွေကို အခြေခံပြီးမျက်မှောက်ခေတ် ပညာရေးစနစ်အကြောင်းကို လွတ်လပ်ပွင့်လင်းစွာ အတားအဆီးကင်းစွာ ဝေဖန်သုံးသပ်ကြည့်တဲ့အခါ ယခုလို စစ်အာဏာ ရှင်စနစ်လက်အောက်က မြန်မာ့ပညာရေးစနစ်ဟာ လက်ရှိအုပ်ချုပ်လျှက်တဲ့ အမျိုးသားအချင်း ချင်း သွေးစုတ်ချယ်လည်လျှက်ရှိကြတဲ့ စစ်ဗိုလ်ချုပ်တွေအတွက် အသုံးကျစေမယ့် အစေခံဖြစ် ရုံလောက်၊ သူတို့တွေရဲ့ ငြိမ်းချမ်းရေးနဲ့ ဇိမ်ခံမှုကို အနှောက်အယှက်မပြုဘဲ သူတို့တတွေရဲ့ အကျိုးအမြတ်နဲ့ အာဏာတည်မြဲရေးကို ကာကွယ်ဖန်တီးပေးနိုင်ရုံလောက်သာ သင်ကြားပေး နေတာဖြစ်တဲ့အတွက် စစ်ကျွန်ပညာရေးစနစ်သာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုစစ်ကျွန်ပညာရေး စနစ်ဟာ အနာဂတ်မှာဖြစ်ထွန်းလာမယ့် ဒီမိုကရေစီလူ့ဘောင်အတွက် ငါးကြင်းဆီနဲ့ ငါးကြင်း ကြော်သလို လူငယ်တွေအားလုံး ကိုယ့်မှိုင်းကိုယ်မိနေအောင် ရည်ရှည်စီမံကိန်းများချမှတ်ကာ အဆင့်ဆင့် ဖျက်ဆီးထားတဲ့ ပညာရေးစနစ်သာဖြစ်ပါတယ်။

ဒီလို စနစ်တကျ ဖျက်ဆီးထားတဲ့ စစ်ကျွန်ပညာရေးစနစ်ကနေ မွေးထုတ်ပေးလိုက်တာ ကတော့ ဘွဲ့ရအလုပ်လက်မဲ့ပြသနာတွေပဲဖြစ်ပါတယ်။ ဆေးကျောင်းကဆင်းပြီး ဆေးမကု တက်တဲ့ ဆရာဝန်တွေ၊ ဘွဲ့ရဆိုတဲ့ ခေါင်းစဉ်ရှိပေမယ့် အလုပ်အကိုင်ရှားမှုတွေနဲ့ ၀မ်းရေး အခက်အခဲတွေကို ဆိုက်ကားနင်း၊ ဘောလုံပွဲလောင်းပြီး ဖြေရှင်းနေရတဲ့လူငယ်တွေပေါများ လာခြင်းတွေပဲဖြစ်ပါတယ်။ ဘာပဲလုပ်ရလုပ်ရ ငွေရရင်ပြီးရော စိတ်ဓာတ်နဲ့ ပြည်ပတိုင်းပြည် တွေမှာ ကျွန်အဖြစ်သွားရောက်အလုပ်လုပ်ကိုင်နေကြရတဲ့ မြန်မာအမျိုးကောင်း သားသမီးတွေ ရဲ့ဘ၀။ ဒါတွေအားလုံးဟာ အတ္တရှေ့ထားပြီး အာဏာတည်မြဲရေး ကြိုးပမ်းနေတဲ့ စစ်အစိုးရရဲ့ သိပ်တော်ပြီး ကောက်ကျစ်တဲ့ အုပ်ချုပ်ရေးနှင့် ပညာရေးစနစ်တွေကြောင့်ပဲဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ခေါင်းအစဉ်အမျိုးနဲ့ အသစ်ဖွင့်လှစ်ထားတဲ့ တကသိုလ်တွေမှာ စစ်ကျွန်ပညာရေးနစ်တွေကို သာမာန်လူတန်းစား ကျောင်းသားလူငယ်တွေက လူ့အခွင့်အရေး နဲ့ ကျောင်းသားအခွင့်အရေး အမျိုးမျိုးချိုးဖောက်ခံကြလျှက် ငွေကုန်ကြေးကျများစွာခံကာ သင် ကြားနေကြလျှက်ရှိပေမယ့် စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့တတွေနဲ့ ပတ်သက်တဲ့ အသိုင်းအ၀ိုင်းက စစ်ဘူဇွာတွေရဲ့ သားသမီးများမှာတော့ ဆယ်တန်းမရောက်ခင်မှာလည်း ILBC လို ကျောင်းမျိုး တွေမှာထား၊ ဆယ်တန်းအဆင့်လောက်ပြီးသွားတာနဲ့ နိုင်ငံခြားစေလွှတ်ပြီး စာပေတွေကို သင် ကြားစေကြပါတယ်။ ဒီလိုအကြောင်းအရာတွေဟာ အချိန်တန်တဲ့အခါမှာ သာမန်လူလတ်တန်း စားပြည်သူတွေရဲ့ သားသမီးတွေဟာ မိဘများရဲ့ နေရာဖြစ်တဲ့ သာမန်လက်လုပ်လက်စားဘ၀ ကိုသာ ဆက်ခံနိုင်မယ့် အရည်အချင်းတွေကို ပိုင်ဆိုင်ကြမှာဖြစ်ပြီး ပြည်ပတိုင်းပြည်တွေမှာ သွားရောက် ပညာသင်ကြားထားတဲ့ စစ်ဘူဇွာလူတန်းစားရဲ့ သားသမီးတွေကတော့ သူတို့မိဘ တွေရဲ့ ဘူဇွာလူတန်းစားကို ဦးဆောင်နိုင်ကြမှာဖြစ်တဲ့အတွက် အာဏာရှင်စနစ်သံသယာလည် နေမှာပဲဖြစ်ပါတယ်။

ဘာသာရပ်တစ်ခုကို ပါရဂူဘွဲအထိ ကြိုးစားသင်ယူခဲ့ပေမယ့် အထက်ကချပေးတဲ့ ဘာသာရပ်ခေါင်းစဉ်များနဲ့သာ သုတေသနကျမ်းပြုခွင့်ရနေကြတဲ့ PHD ဒေါက်တာတွေ မရေ နိုင်မတွက်နိုင်အောင် မွေးထုတ်ပေးနိုင်ခဲ့တဲ့ စစ်အစိုးရရဲ့ စစ်ကျွန်ပညာရေးစနစ်ဟာ ဘယ်သော အခါမှ အခြေခံမြန်မာလူမျိုးများအတွက် အကျိုးရှိစေနိုင်မယ့် ပညာရေးစနစ်မျိုးမဟုတ်တဲ့အပြင်
ယခုလို စစ်အစိုးရမှ ကြီးမှူးကျင်းပပြီးစီးခဲ့တဲ့ အမျိုးသားညီလာခံက ချက်မှတ်တော့မှာဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့အရာမှာလည်း စစ်အစိုးရ အာဏာတည်မြဲရေးကိုသာ ပုံဖော်ရေးစွဲ ထားတာဖြစ်တဲ့အတွက် ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာပါရှိလာမယ့် အမျိုးသားပညာရေးစနစ်ဆို တာမှာလဲ မြန်မာမျိုးဆက်သစ်လူငယ်တို့အတွက် အနာဂတ်ကိုဖျက်ဆီးပြစ်မယ့် ပညာရေးစနစ် သာလျှင်ဖြစ်စေမှာမို့ ကျွန်တော်တို့ မြန်မာမျိုးဆက်သစ်လူငယ်များအနေဖြင့် ဆန့်ကျင်ကြရမှာပဲ ဖြစ်ပါတယ်။
MHT
awaiset.navanar@gmail.com
www.myanmar-ht.blogspot.com



အပြည့်အစုံသို့ ..

Sunday, March 16, 2008

မြန်မာ့သမိုင်းမော်ကွန်းသစ်ရေးထိုးနိုင်ရမည်

မြန်မာ့သမိုင်းမော်ကွန်းသစ်ရေးထိုးနိုင်ရမည်
MHT
မြန်မာ့နိုင်ငံ၏ လတ်တလောဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်နှင့်အတူ စစ်အာဏာရှင်စနစ်၏ ချို့ယွင်းချက်များ၊ မျက်မှောက်ခေတ်လူ့အဖွဲ့အစည်းအတွင်း တွေ့ကြုံရင်ဆိုင်နေကြရသော အခြေအနေများကို သမိုင်းမော်ကွန်းသစ်အဖြစ် ရေးထိုးနိုင်ရမည်ဖြစ်ကြောင်း မြန်မာ့ဒီမိုကရေစီအရေး ဆိုက်ဘာလှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်နေသူ ဘလော့ခ်ဂါတစ်ဦးမှ ဆိုပါတယ်။
“အခုကျွန်တော်တို့ ဘလော့ခ်ရေးနေကြတယ်ဆိုတာ အကြောင်းမဲ့သက်သက်ရေးနေကြတာမဟုတ်ပါဘူး။ တစ်ချိန်ချိန်မှာ ကျွန်တော်တို့အတွေ့အကြုံတွေဟာ ကမာ့သမိုင်းရာဇာဝင်မှာ ထင်ကျန်ရစ်နေအောင် ကျွန်တော်တို့ကြိုးစားနေကြခြင်းသာဖြစ်ပါတယ်။
နောင်တစ်ချိန် ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းကို အင်တာနက်စာမျက်နှာတွေထက်မှာ အမှန်တရားအတွက် ရှာဖွေဖြစ်ခဲ့ကြမယ်ဆိုရင်
ကျွန်တော်တို့ရေးသားထားတဲ့ အကြောင်းအရာတွေဟာ ကမာကုန်တည်တံ့နေမှာဖြစ်ပါတယ်” သူ ဘလော့ခ်ရေးသားရခြင်းနှင့်ပတ်သက်ပြီး MHT သို့ ဆိုပါတယ်။
မည်သို့ပင်ဆိုစေကာမူ အမှန်တရား၊ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတို့အတွက် မည်သည့်အကျိုးကျေးဇူးမျိုးကိုမှ မျှော်ကိုရည်သန်ခြင်းမရှိပဲ တော်လှန်ရေးစိတ်ဓာတ်အပြည့်အဖြင့် ဆောင်ရွက်နေကြသော မြန်မာ့ဒီမိုကရေစီအရေး ဆိုက်ဘာအတိုက်အခံသမားများဖြစ်ကြတဲ့ မြန်မာဘလော့ခ်ဂါများကို ဂုဏ်ပြုလိုက်ရပါတယ်။

အပြည့်အစုံသို့ ..

ဒီမိုကရေစီရေးလှုပ်ရှားသူများသို့ ၀ါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်း ပန်ကြားချက်ထုတ်ပြန်

Summary

Rest of your post

ဒီမိုကရေစီရေးလှုပ်ရှားသူများသို့ ၀ါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်း ပန်ကြားချက်ထုတ်ပြန်
ဧရာဝတီ | မတ် ၁၂၊ ၂၀၀၈
ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းက အာဏာရှင်စနစ်ကို တွန်းလှန်နိုင် သည့်အားမှာ ပြည်သူ့အင်အား ဖြစ်သည်ဟု ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီရေး လှုပ်ရှားသူများအား ပြောဆိုလိုက်သည်။

သတင်းစာဆရာကြီး လူထုစိန်ဝင်းက “လက်ထဲမှာဆုပ်ကိုင်ထားတဲ့ အာဏာကို သဘောထားကြီးစွာနဲ့ အလိုအလျှောက်စွန့်လွှတ်သွားတဲ့ အာဏာရှင်မျိုး ကမ္ဘာ့ သမိုင်းမှာ ဘယ်ခေတ်ဘယ်အခါကမှ မရှိခဲ့ဖူးပါဘူး။ … ကုလသမဂ္ဂကကယ်တင် လို့ လွတ်မြောက်သွားတဲ့ နိုင်ငံရယ်လို့ ကမ္ဘာပေါ်မှာ တနိုင်ငံမှမရှိခဲ့ဖူးပါဘူး” ဟုပြောသည်။

အပြည့်အစုံသို့ ..

အမေရိကန် ပန်းပုဆရာက မင်းကိုနိုင် ရုပ်တု ထုလုပ်ဂုဏ်ပြု

Summary

Rest of your post

အမေရိကန် ပန်းပုဆရာက မင်းကိုနိုင် ရုပ်တု ထုလုပ်ဂုဏ်ပြု
ဧရာဝတီ | ဒီဇင်ဘာ ၁၃၊ ၂၀၀၇

အမေရိကန် ပန်းပုဆရာ ဂျင်မ် မက်နာလိစ် (Jim McNalis) က သူ၏ နောက်ဆုံး ကြိုးပမ်းချက်အဖြစ် မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသူ မင်းကိုနိုင်၏ ကိုယ်တပိုင်းရုပ်တုကို ထုလုပ်ဂုဏ်ပြုပြီး လူကိုယ်တိုင် လက်ဆောင်ပေးရန် စဉ်းစားထားသည်။
သူ၏ ဖလော်ရီဒါရှိ စတူဒီယိုခန်းထဲ၌ ခရီးထွက်ရန် အိတ်များ၊ အထုပ်အပိုးများ ထုပ်ပိုးပြင်ဆင် နေဆဲတွင် မင်းကိုနိုင် ပြန်လည်အဖမ်းခံလိုက်ရကြောင်း မက်နာလိစ် ကြားလိုက်ရသည်။ အချိန်က ရန်ကုန်တွင် စက်တင်ဘာလ ဆန္ဒပြပွဲများ ဖြစ်လာတော့မည့် ကနဦးလှုပ်ရှားမှုကာလ ဖြစ်သည်။

“ဘာပဲဖြစ်ဖြစ် ရန်ကုန်ကိုတော့ ရောက်အောင် ကျနော်သယ်သွားမယ်”ဟု မက် နာလိစ်က ထိုင်းနိုင်ငံတွင် မင်းကိုနိုင်နှင့် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများကို ပြောပြခဲ့သည်။ “ဘယ်လိုပဲဖြစ်ဖြစ် သူ့မိသားစုကတော့ ကြိုက်မှာပဲ။ ကျနော့်အနေနဲ့ တကယ့်သတ္တိခဲ လူသားတဦးကို ကျနော်ကြည်ညိုတဲ့အကြောင်း ပြလို့ရတာပေါ့” ဟုလည်း မက်နာလိစ်က ဆိုသည်။

အလားတူ ခေါင်းဆောင်အများစု၏ ပုံတူရုပ်တုများလည်း မက်နာလိစ် ဖန်တီးခဲ့ဖူးသည်။ ဥပမာအားဖြင့် ကရင်ခေါင်းဆောင် ဘိုမြ၊ မန္တလေးမှ နုတ်ခမ်းမွေးညီအစ်ကို လူရွှင်တော်များ၏ ပုံများကို ထုလုပ်ခဲ့ဖူးသည်။ သူက မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ရုပ်ပြောင် ကိုယ်တပိုင်းပုံကိုပင် ထုလုပ်ခဲ့ဖူးသေးသည်။

မက်နာလိစ်သည် ဟောလိဝုဒ် ရုပ်ရှင်လောကတွင် နာမည်ကြီး အနုပညာပစ္စည်းများ ဖန်တီးသူတဦးဖြစ်ခဲ့ပြီး ယခုအခါ သူ၏ လုပ်အားနှင့် အနုပညာ ဖန်တီးမှုအများစုကို မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက်သာ အားသွန်၍ တစိုက်မတ်မတ် ဆောင်ရွက်နေခဲ့သည်။ မင်းကိုနိုင်ကဲ့သို့သော သူရဲကောင်းများက သူ့ကို စိတ်ဓာတ်ခွန်အားပေးနိုင်ခဲ့ကြောင်း ဧရာဝတီသို့ ပြောပြခဲ့သည်။

မင်းကိုနိုင်ထံသို့ရေးသည့် သူ၏စာတွင် “လူသားတို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြင့်မြတ်မှုတန်ဖိုးဟု ကျနော်ရည်ညွှန်း ခေါ်ဆို လိုသည့် ထူးခြားထင်ရှားလှသည့် အဖွဲ့အစည်းဝင်များက ကျနော့်အပေါ် အလေးပေး အာရုံထားခဲ့ကြသည့်အတွက် ၀မ်းသာ ရသလို ဂုဏ်လည်း ယူမိပါသည်” ဟု ဖော်ပြခဲ့သည်။

“ကျနော်တို့သည် အမှန်အတိုင်း ပြုမူကျင့်ကြံရပါမည်။ အမှန်တရားအတွက် စံနမူနာများ ဖြစ်ရပါမည်။ အချင်းချင်း အပြန် အလှန် သက်ဝင်ယုံကြည်မှု ရှိကြဖို့လိုပါသည်။ ကျနော်တို့၏ အရည်အချင်းများနှင့် ခွန်အားများကို တရားမျှတမှုနှင့် လူ့ အခွင့်အရေးများအတွက် တိုက်ပွဲဝင်နေကြသော ကျနော်တို့၏ ညီအစ်ကို မောင်နှမများအတွက် ကူညီပံ့ပိုးပေးနိုင်ဖို့ သုံးစွဲကြ ရန်လည်း ကျနော်တို့ကိုယ် ကျနော်တို့ တောင်းဆိုကြရပါလိမ့်မည်”ဟု လည်း ၎င်းက ဆိုသည်။

မက်နာလိစ်က “ဤရုပ်တုကို မြန်မာပြည်သူတို့ကိုယ်စား သင်လုပ်ဆောင်ခဲ့သမျှသော လုပ်ရပ်များအားလုံးအတွက် ထောက်ခံ ပံ့ပိုးမှုအဖြစ်၊ ကျနော်၏ ကြည်ညိုလေးစားမှု ပြယုဂ်အဖြစ် လက်ခံပါရန်”ဟု မင်းကိုနိုင်သို့ မေတ္တာရပ်ခံခဲ့သေးသည်။

“တနေ့နေ့ တချိန်ချိန်တွင် ကျနော်တို့ ဆုံစည်းနိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်” ဟုလည်း သူရေးခဲ့သည်။

“ဒီလို နေ့ရက်မျိုးက ဘယ်အချိန် ဖြစ်လာမှာလဲတော့ ကျနော်မသိပါဘူး” ဟု သူက ဧရာဝတီသို့ ပြောခဲ့သည်။ “မြန်မာနိုင်ငံ ဒီမိုကရေစီရတဲ့ တနေ့ပေါ့”ဟုလည်း သူကမှန်းဆ၍ ပြောဆိုသွားသည်။ [Top]
၂၀၀၇ ခုနှစ် ဒီဇင်ဘာလထုတ် ဧရာဝတီမဂ္ဂဇင်းမှ US Sculptor Honors Min Ko Naing ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

အပြည့်အစုံသို့ ..

၂၀၀၇ ဒီဇင်ဘာ ၁၅) နိုင်ငံတကာ မီဒီယာက ပြောတဲ့ ဒီနေ့ မြန်မာနိုင်ငံ အကြောင်း

Summary

Rest of your post

၂၀၀၇ ဒီဇင်ဘာ ၁၅) နိုင်ငံတကာ မီဒီယာက ပြောတဲ့ ဒီနေ့ မြန်မာနိုင်ငံ အကြောင်း

# ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို မြန်မာ စစ်အစိုးရက ဘယ်လောက်ထိ ဖြိုခွဲ နှိမ်နှင်းခဲ့တယ် ဆိုတာ ကုလသမဂ္ဂ အထူးသံတမန် သတင်းပို့
# မြန်မာစစ်အစိုးရက ဖိနှိပ်မှုတွေ မရပ်ဘူးဆိုရင် ၂၀၀၇ နိုဝင်ဘာ ၁၉ ရက်က ချမှတ်ထားတဲ့ ပြစ်ဒဏ်ခတ် အရေးယူတာတွေကို တင်းကြပ်ဖို့ ဥရောပ သမဂ္ဂက အသင့်ရှိနေပြီလို့ ကြေညာချက်ထုတ်ပြန်
# စက်တင်ဘာ လူထုဆန္ဒပြပွဲနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရက ဖြိုခွဲ နှိပ်ကွပ်နေခဲ့တာတွေကို ကုလသမဂ္ဂ အထူးသံတမန် ပီညဲရိုးက နောက်ထပ် သွားရောက် စုံစမ်းစစ်ဆေးပြီး ၂၀၀၈ မတ်လမှာ ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကို သတင်းပို့ဖို့ ဆုံးဖြတ်ချက်ချ
# ထိုင်းနိုင်ငံအတွက် စွမ်းအင် ဆိုပေမယ့် မြန်မာနိုင်ငံအတွက်ကတော့ ၀မ်းနည်းကျေကွဲစရာ
# မြန်မာနိုင်ငံမှာ ကြက်ငှက်တုပ်တွေးရောဂါ လူကို ပထမဦးဆုံး ကူးစက်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြေညာ
# (၇)နှစ်အရွယ် မြန်မာ မိန်းခလေးတဦး ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံရကြောင်း နအဖ အတည်ပြု သတင်းထုတ်ပြန်
# Mission of Burma တီးဝိုင်း မြန်မာ့အရေးအတွက် ဖျော်ဖြေမယ်
# Washington DC က BURMA ဆိုတဲ့ မြန်မာ စားသောက်ဆိုင် အကြောင်း
# မြန်မာစစ်အစိုးရအပေါ် ကနေဒါနိုင်ငံက ပြစ်ဒဏ်ခတ် အရေးယူတာ စတင် အကျိုးသက်ရောက်ပြီ
# တိဗက်က ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒလိုင်လားမားကို ဂုဏ်ပြုချီးမြှင့်တဲ့ အမေရိကန် လွှတ်တော်ရဲ့ အရပ်ဖက်ဆိုင်ရာ အမြင့်ဆုံး ရွှေတံဆိပ်ဆုမျိုး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဂုဏ်ပြုချီးမြှင့်ဖို့ အောက်လွှတ်တော် အမတ်တွေက အစောဆုံး နောက်တပါတ်မှာ မဲပေးဖို့ရှိနေ
# ဒီနေ့ မြန်မာနိုင်ငံက ထောက်လှမ်းရေးတွေ၊ သံသယတွေနဲ့ သံဃာတော်တွေ သီတင်း မသုံးနိုင်တော့တဲ့ ဘုန်းကြီးကျောင်းတွေ အကြောင်း
# ၂၀၀၇ ခုနှစ် လူထုလှုပ်ရှားမှုကို ဦးဆောင်လွှမ်းမိုးလာတဲ့ ဘာသာရေး
# ကွဲပြားခြားနားမှုတွေထဲက စည်းလုံးညီညွတ်မှုဆိုတဲ့ စာအုပ်ကို ရေးသားခဲ့သူ ကုလသမဂ္ဂ သံတမန်ဟောင်း မြန်မာနိုင်ငံ စစ်တွေသား ဦးရစ်ချတ်ပေါ်ဦး (အသက် ၈၅ နှစ်) ဟာဝိုင်ယီမှာ ကွယ်လွန်အနိစ္စရောက

ကိုးကားအညွှန်း
http://antidictatorship.wordpress.com/category/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac-%e1%80%98%e1%80%ac%e1%80%9e%e1%80%ac%e1%80%bb%e1%80%95%e1%80%94%e1%80%b9/

အပြည့်အစုံသို့ ..