Sunday, March 16, 2008

မြန်မာ့သမိုင်းမော်ကွန်းသစ်ရေးထိုးနိုင်ရမည်

မြန်မာ့သမိုင်းမော်ကွန်းသစ်ရေးထိုးနိုင်ရမည်
MHT
မြန်မာ့နိုင်ငံ၏ လတ်တလောဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်နှင့်အတူ စစ်အာဏာရှင်စနစ်၏ ချို့ယွင်းချက်များ၊ မျက်မှောက်ခေတ်လူ့အဖွဲ့အစည်းအတွင်း တွေ့ကြုံရင်ဆိုင်နေကြရသော အခြေအနေများကို သမိုင်းမော်ကွန်းသစ်အဖြစ် ရေးထိုးနိုင်ရမည်ဖြစ်ကြောင်း မြန်မာ့ဒီမိုကရေစီအရေး ဆိုက်ဘာလှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်နေသူ ဘလော့ခ်ဂါတစ်ဦးမှ ဆိုပါတယ်။
“အခုကျွန်တော်တို့ ဘလော့ခ်ရေးနေကြတယ်ဆိုတာ အကြောင်းမဲ့သက်သက်ရေးနေကြတာမဟုတ်ပါဘူး။ တစ်ချိန်ချိန်မှာ ကျွန်တော်တို့အတွေ့အကြုံတွေဟာ ကမာ့သမိုင်းရာဇာဝင်မှာ ထင်ကျန်ရစ်နေအောင် ကျွန်တော်တို့ကြိုးစားနေကြခြင်းသာဖြစ်ပါတယ်။
နောင်တစ်ချိန် ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းကို အင်တာနက်စာမျက်နှာတွေထက်မှာ အမှန်တရားအတွက် ရှာဖွေဖြစ်ခဲ့ကြမယ်ဆိုရင်
ကျွန်တော်တို့ရေးသားထားတဲ့ အကြောင်းအရာတွေဟာ ကမာကုန်တည်တံ့နေမှာဖြစ်ပါတယ်” သူ ဘလော့ခ်ရေးသားရခြင်းနှင့်ပတ်သက်ပြီး MHT သို့ ဆိုပါတယ်။
မည်သို့ပင်ဆိုစေကာမူ အမှန်တရား၊ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတို့အတွက် မည်သည့်အကျိုးကျေးဇူးမျိုးကိုမှ မျှော်ကိုရည်သန်ခြင်းမရှိပဲ တော်လှန်ရေးစိတ်ဓာတ်အပြည့်အဖြင့် ဆောင်ရွက်နေကြသော မြန်မာ့ဒီမိုကရေစီအရေး ဆိုက်ဘာအတိုက်အခံသမားများဖြစ်ကြတဲ့ မြန်မာဘလော့ခ်ဂါများကို ဂုဏ်ပြုလိုက်ရပါတယ်။

No comments: