Wednesday, January 23, 2008

တနင်္လာနေ့ထုတ် မြတ်ခိုင်ရဲ့ အချစ်ဂျာနယ်မှာ စစ်အစိုးရကို ပုတ်ခတ်ရေးသားထားသော ကဗျာတစ်ပုဒ်ပါရှိ

တနင်္လာနေ့ထုတ် မြတ်ခိုင်ရဲ့ အချစ်ဂျာနယ်မှာ စစ်အစိုးရကို ပုတ်ခတ်ရေးသားထားသော ကဗျာတစ်ပုဒ်ပါရှိ






မင်းထက်ဘုန်းမြတ်




ကျွန်တော်မနေ့က မအားတဲ့အတွက် သတင်းအသစ်တစ်ခုကို ရရှိသော်လည်း ရေးသားဖို့အတွက် ပျက်ကွက်ခဲ့ပါတယ်း။ ဒါကြောင့် ကျွန်တော့်ဘလော့ကို ၀င်ရောက်အားပေးကြည့်ရှုနေတဲ့ ရဲဘော်ရဲဘက်များကို အလွန်မျက်နှာ ပူမိပါတယ်။ ဒါပေမယ့် ခေတ္တခဏအင်တာ နက်အသုံးပြုလိုက်ရစဉ်အချိန်ခဏ အတွင်းမှာတော့ ကျွန်တော်သိရှိထားတဲ့ သတင်းတစ်ပုဒ်ကို ရဲဘော်ရဲ ဘက်များထံသို့ အီးမေးလ်နှင့် တစ်ဆင့် ပေးပို့နိုင်ခဲ့ပါတယ်။


အကြောင်းအရာကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့ နံနက်ထုတ်ဝေတဲ့ အချစ်ဂျာနယ်မှာ ဖေဖော်ဝါရီဆယ့်လေး လို့ အမည်ရတဲ့ ဆရာစောဝေရဲ့ ကဗျာတစ်ပုဒ်ပါရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီကဗျာအတွင်းမှာတော့ အာ ဏာ ရူးကြီး မှူး ကြီး သန်း ရွှေ ဆိုတဲ့ ဒေါင်လိုက်ကြည့်မှ မြင်နိုင်တဲ့ စကားလုံးများပါရှိခဲ့ပါတယ်။ ဒီအရောင်းအရာများနှင့်ပတ်သက် ပြီး ရန်ကုန်မြို့တော်အတွင်းမှာတော့ အချစ်ဂျာနယ်ကို မရမက ၀ယ်ယူဖတ်ရူသူများ အလွန်ပင်များပြားနေသလို ဒီကဗျာကိုပဲ မိတ္တူဆွဲပြီး ဆင်ချေပုန်းရပ်ကွက်တွေမှာ ရောင်းချနေတာတွေတောင် ရှိခဲ့ပါတယ်။ ဒီအကြောင်းအရာ များနှင့်ပတ်သက်ပြီး ရန်ကုန်အခြေဆိုက် အမည်ဖော်ပြရန် မသင့်သော မဂ္ဂဇင်းတစ်စောင်ရဲ့ ၀ါရင့်အယ်ဒီတာ တစ်ဦးက ဆိုရာမှာတော့ ဒီကိစ္စ္စမှာ ကိုမြတ်ခိုင်က ရည်ရွယ်ချက်ရှိရှိနဲ့ ကိုစောဝေရဲ့ ကဗျာကို ထည့်သွင်းပေးလိုက်တာလည်းဖြစ်နိုင်သလို ပုဂ္ဂိုလ်ရေး အမြင်မကြည်လင်မှုများကြောင့် တမင်တကာရည်ရွယ်ပြီး ထည့်ပေးလိုက်တာလည်းဖြစ်နိုင်ပါတယ်။ အချစ် ဂျာနယ်ထွက်လာတော့ အခုရုံတင်နေတဲ့ ဓမ္မာသောအင်းဝရာဇာ ဇာတ်ကားက နန္ဒာလှိုင်တို့ လူမင်းတို့ပုံနဲ့ဆို တော့ ဆွဲဆောင်မှုကတော့ မဆိုးဘူးပေါ့။ အတွင်းထဲမှာတော့ ထုံးတမ်းစဉ်လာသတင်းတွေနဲ့ မြတ်ခိုင်ရဲ့ မေးခွန်း (၂၀၀၀) ဆိုတဲ့ ကဏ္ဍလေးလဲပါလာတာ နှစ်ပတ်သုံးပတ်ရှိပြီဆိုတော့ ဖတ်ဖြစ်ခဲ့တယ်။ ဖတ်ရင်းနဲ့ "ဖေဖော်ဝါရီ ဆယ့်လေး" ဆိုတဲ့ကဗျားလေးကိုလဲ အမှုတ်မဲအမှတ်မဲ့နဲ့ ဖတ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် ချက်ချင်းသတိမထားခဲ့မိဘူး။ ဦးစောဝေ ဘာတွေရေးထားမှန်းနားမလည်ဘူးပေါ့။ ဒါနဲ့ ပထမရက်မှာ အိမ်ပြန်ယူသွားခဲ့တယ်။ အဲ့ဒီမှာပဲ အစိုးရကိုထိပါးတဲ့စာတွေပါတယ်ဆိုရော ကိုစောဝေရဲ့ကဗျာကို ပြန်ဖက်ကြည့်တယ်။ ကျွန်တော်တော်အံ့သြသွား တယ်ဗျ။ ဒီပုဂ္ဂိုလ်ဒီလောက်များသတ္တိရှိရလားလို့ပေါ့။ လို့ ဆိုပါတယ်။


လတ်တလော ရန်ကုန်စာနယ်ဇင်းလာကအတွင်းမှာတော့ ကဗျာဆရာစောဝေကို အစိုးရအာဏာပိုင်တွေက အိမ် ကိုလိုက်ပြီးဖမ်းသွားပြီတို့...နယ်စပ်ကို ထွက်ပြေးသွားပြီတို့ဆိုတဲ့သတင်းများထွက်ရှိနေတယ်လို့ လေထန်ကုန်းရပ် ၀န်းကဆိုကြပါတယ်။


ဘယ်လိုပင်ဆိုစေကာမူ ကျွန်တော်တို့အနေနှင့် ပြည်တွင်းမှနေပြီး အစိုးရကိုထိခိုက်နစ်နာစေသော စကားလုံးများ နှင့် ပုံနှိုပ်မီဒီယာစာမျက်နှာများအထက် ပါရှိအောင် ကြိုးစားနိုင်ခဲ့သော ဆရာစောကို ကျွန်တော်တို့ ဂုဏ်ပြုမိပါ တယ်။


ဆရာစောဝေဟာ ဒီလိုရေးသားမှုကြောင့် အနည်းဆုံး စာရေးသားလျှက်ရှိသော ကလောင်ပိတ်ပင်ခြင်း ခံရနိုင်မည်ဖြစ်ပြီ အများဆုံး ထောင်ဒဏ်ကျခံရဖွယ်ပင်ရှိပါတယ်။ ဒီကိစ္စ္စနှင့်ပတ်သက်ပြီး ရန်ကုန်စာနယ်ဇင်း လောကအတွင်းမှာတော့ ယခင်ထက် စာပေစိစစ်ရေးမှ မူဝါဒပိုင်းဆိုင်ရာ ပိုမိုတင်းကြပ်သွားနိုင်ဖွယ်ရှိပြီး။ ကျန် ဂျာနယ်မဂ္ဂဇင်းများတွင် ပါရှိသော ကဗျာနှင့် ပတ်သက်သော စာမူများနှင့်ပတ်သက်ပြီး အယ်ဒီတာ၊ တာဝန်ခံအယ်ဒီတာများအား အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေရန်စာသားများ မပါဝင်ပါဟုဆိုသော လက်မှတ်များ ရေးထိုင်ခိုင်းမည်ဖြစ်ကြောင်းလည်း သိရှိနေရပါတယ်။

မင်းထက်ဘုန်းမြတ်

No comments: