Sunday, February 10, 2008

မယ်တော်ကြီး ဒေါ်ကြိုင်ကြိုင် ခါးရိုးကျိုးပြီး လေဖြတ်သွားပြီ

မယ်တော်ကြီး ဒေါ်ကြိုင်ကြိုင် ခါးရိုးကျိုးပြီး လေဖြတ်သွားပြီ

ဖေဖော်ဝါရီ (၉)၊ ရန်ကုန်မြို့။

တစ်ဆယ့်ကိုးနှစ် ကြာအောင် မြန်မာပြည်အား မတရား အုပ်ချုပ်နေခဲ့သော စစ်အစိုးရ၏ ထိပ်တန်း ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး နိုင်ငံတ ကာ အလယ်တွင် နာမည်ဆိုးဖြင့် ထင်ရှားလှသော ဗိုလ်ချုပ်သန်းရွှေ၏ ဇနီးဖြစ်သော ဒေါ်ကြိုင်ကြိုင်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်း က ရွှေတိဂုံဘုရားပေါ်တွင် ပြုတ်ကျပြီး လေဖြတ်ခဲ့ကြောင်း စစ်တပ် အသိုင်းအ၀ိုင်းမှ ကြားသိရပါတယ်။

ဖြစ်စဉ်မှာ ဒေါ်ကြိုင်ကြိုင်ဟာ မိသားစု အာဏာတည်မြဲရေးနှင့် စစ်အစိုးရ အာဏာ တည်မြဲရေးတို့အတွက် ရွှေတိဂုံ ဘုရားပေါ်တွင် ခွေးနှင့်ဝက်အား လွှတ်ပြီး ဆုတောင်းခဲ့ရာ ခွေးကသာပြေးပြီး ၀က်ကမပြေးဘဲ နေသဖြင့် အာဏာအတွက် စိုးရိမ်ရဖွယ် နမိတ်ရှိသဖြင့် ပတ္တမြား မျက်ရှင် ဘုရားပေါ်တက်ရောက် ယတြာချေရန် တက်ရောက်ရာ အတက်လှေကားပေါ်မှ တစ်စုံတစ်ဦးမှ တွန်းချလိုက်သကဲ့သို့ ဖြစ်ပျက် ကာ ပြုတ်ကျသွားခဲ့ပြီး ခါးရိုး ထိခိုက်သွားသဖြင့် နေရာမှ ပြန်မထနိုင်ဘဲ ရှိနေခဲ့ပါတယ်။ ထိုအချိန်မှ စတင်ကာ ဒေါ်ကြိုင်ကြိုင်ဟာ သတိ တရားကင်းမဲ့စွာ ကြောက်မက်ဖွယ် မြင်ကွင်းများကို တွေ့မြင်နေရကြောင်း စကားများကို ဆက်တိုက် ပြောဆိုနေသည်မှာ ယခုအချိန်ထိ ရောက်ရှိနေပြီဖြစ်ပဲ ဖြစ်ပါတယ်။

ထို့အပြင် ဒေါ်ကြိုင်ကြိုင်ဟာ မိသားစုနှင့် စစ်အစိုးရ အာဏာ တည်မြဲရေးတို့အတွက် မိမိအပါအ၀င် သမီးများနှင့် ဗိုလ်ချုပ်မိသားစုများမှ အမျိုးသမီး ဓမ္မတာလာစဉ် အသုံးပြုသော ဂွမ်းထုတ်များကို အမှုံအဖြစ် ပြုလုပ်ကာ မြန်မာတစ်နိုင်ငံလုံး အပေါ်သို့ ကောင်းကင်မှ လေ ယာဉ်ပျံအား အသုံးပြုပြီး ကျဲဖြန့်ထားခဲ့တာ အချိန်အတော်ကြာ ရှိနေပြီဖြစ်တဲ့ အကြောင်းလည်း သိရှိရပါတယ်။

ဒီလိုအဖြစ်အပျက်များနှင့် ပတ်သက်ပြီး ဘာသာရေး ကိုင်းရှိုင်းသော ရန်ကုန်မြို့ခံတစ်ဦးမှ ဆိုရာမှာတော့

“ဒါ..သူ ၀ဋ် စပြီး လည်တာပါ။ သူတို့ လုပ်ထားတဲ့ အကုသိုလ်ကံတွေကို သူတို့ နောင်ဘ၀အထိ မနေဘဲ ဒီမှာတင် အလူးအလဲ ခံကြရဦး မှာပါ။ ဗိုလ်ချုပ်နေ၀င်း၊ ဗိုလ်ချုပ်စောမောင်၊ ဗိုလ်ချုပ်တင်ဦးနဲ့ ဗိုလ်ချုပ်စိုးဝင်း၊ နောက်ဆုံး အားလုံးဟာ သေခါနီမှာ ၀ဋ်ခံသွားကြရတဲ့ သူတွေချည်းပါပဲ။ အခု သူတို့အလှည့် ရောက်တော့မှာ ဖြစ်ပါတယ်” လို့ဆိုပါတယ်။

အခြားမြို့ခံတစ်ဦးမှ ဆိုရာမှာတော့

“ကျွန်မတို့ကြားတာ ဒေါ်ကြိုင်ကြိုင်က မေမြို့ ဗိုလ်သင်တန်းဆင်းပွဲကို သွားတဲ့အချိန်မှာ လေဖြတ်သွားတာလို့ ကြားတာပါ။ ဒါကြောင့် ဗိုလ် သင်တန်းဆင်းပွဲ ဘယ်ဗိုလ်ချုပ်တွေရဲ့ကတော်မှ မတက်ကြရဘူးလို့ ကြားခဲ့တာလေ။ ဘာလိုပဲဖြစ်ဖြစ် လေဖြတ်တယ်ဆိုတဲ့ သတင်းက တော့ မှန်လောက်ပါတယ်” လို့ သူကြားသိရတာနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

ဒါနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ခံတစ်ဦးမှ ဆိုရာမှာတော့

“ဖြစ်နိုင်ခြေ အများကြီးရှိတယ်ဗျ။ ဘာကြောင့်လဲဆိုရင် အရင်ကဆို ရုပ်မြင်သံကြား သတင်းတွေမှာ ကတော်တွေရဲ့ သတင်းတွေကို ဗိုလ် ချုပ်တွေရဲ့ သတင်းနီးပါး ပြတာတွေ့ရတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ သိပ်မတွေ့ရဘူး။ တွေ့ရရင်လည်း ကတော်တွေရဲ့ ပုံစံတွေ က အ၀တ်အစား ပြောင်ပြောင် ယောင်ယောင် မ၀တ်ကြသလို လက်ဝတ်လက်စားတွေဆိုလဲ အရင်ကလို မ၀တ်စားကြတော့ဘူး” လို့ ဆို ပါတယ်။

ဒီသတင်းတွေ မှန်တယ်၊ မှားတယ် ဆိုတာကိုတော့ အချိန်က အဖြေပေးသွားမှာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင်တော့ ကျွန်တော်တို့ ဟာ မြန်မာလူမျိုးတွေဟာ ကံ၊ ကံ၏အကျိုးကို သက်ဝင် ယုံကြည်ကြသူများ ဖြစ်လို့ပါပဲ။ သူတို့ပြုခဲ့တဲ့ အပြုအမူတွေဟာ သူတို့တွေရဲ့ ကုသိုလ်အရိပ် ကုန်ဆုံးချိန်မှာ သူတို့ရဲ့ အကုသိုလ်ကံတွေဟာ ဘွားကနဲ ပေါ်ပေါက်လာမှာ ဖြစ်လို့ပါပဲ။ သူတို့ရဲ့ ကုသိုလ်အရိပ်ဟာလည်း ပြည်သူလူထုတစ်ရပ်လုံးမှ ပို့သတဲ့ မေတ္တာများကြောင့် မကြာခင်မှာ ကုန်ဆုံးတော့မှာပဲဖြစ်ပါတယ်။

မင်းထက်ဘုန်းမြတ်

awaiset.navanar@gmail

No comments: