Monday, February 11, 2008

တေးသံရှင် အယ်လ်လွန်းဝါ လက်ထပ်တော့မည်

ဖေဖော်ဝါရီ (၁၁)၊ ရန်ကုန်မြို့။
မြန်မာ့ဂီတလောကမှာ ပေါ့(ပ်) တေးသံရှင်တစ်ဦးအဖြစ် ရပ်တည်လျှက်ရှိပြီး ပရိသတ်များရဲ့ အထူး နှစ်ခြိုက်ခြင်းကို ခံယူနိုင်ခဲ့တဲ့ တေးသံ ရှင်အယ်လ်လွန်းဝါဟာ သူရဲ့ချစ်သူ ဒေါက်တာခိုင်စုအောင်နှင့် လာမယ့် ဖေဖော်ဝါရီ (၁၅) ရက်နေ့မှာ ရန်ကုန်မြို့ရှိ ဟိုတယ်နီကိုးတွင် လက်ထပ်မင်္ဂလာ အခမ်းအနား ကျင်းပတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။




အယ်လွန်းဝါနဲ့ မခိုင်စုအောင်တို့ဟာ ဆေးတက္ကသိုလ်တွင် အတူ ပညာသင်ကြားခဲ့တဲ့ သူငယ်ချင်းများ ဖြစ်ပြီး ယခုအချိန်မှာတော့ အယ်လ် လွန်းဝါဟာ ကျောင်းကိုပြီးဆုံးအောင် မတက်ရောက်နိုင်ခဲ့တဲ့ တတိယနှစ်ဆေး ကျောင်းသားတစ်ဦး အဖြစ်သာရှိနေပေမယ့် မခိုင်စုအောင် ကတော့ ဆရာဝန်တစ်ဦးအဖြစ် ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ တေးသံရှင် အယ်လွန်းဝါဟာ အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး များစွာတွေး တော စဉ်းစားခဲ့သူတစ်ဦး ဖြစ်တဲ့အကြောင်း သူဖြေကြားခဲ့တဲ့ အင်တာဗျူးအဖြေများက သက်သေ ဆောင်လျှက်ရှိသလို သူဇနီးလောင်း မခိုင်စုအောင်နှင့် သူဟာ ချစ်သူဘ၀ကပင် လွတ်လပ်ပွင့်လင်းတဲ့ ဆက်ဆံမှုများရှိခဲ့တယ်လို့ သူနဲ့နီးကပ်တဲ့ အသိုင်းအ၀ိုင်းမှ ဆိုပါတယ်။

No comments: