ဖေဖော်ဝါရီ(၈)၊ ရန်ကုန်မြို့။
ရန်ကုန်မြို့တွင်သာ လျှပ်စစ်မီးကို အချိန်နှင့် ရက်ခြားနှင့် ရရှိနေသော်လည်း နေပြည်တော်တွင်မူ ခြုံမှအစ မီးလင်း၍နေကြောင်း သိရှိရ သည်။ ရန်ကုန်မြို့တွင်မူ နှစ်ရက်ခြားတစ်ရက်သာ လျှပ်စစ်မီး ရရှိနေသောကြောင့် ရန်ကုန်မြို့နေပြည်သူများအနေဖြင့် လွန်စွာစိတ်ဒုက္ခ ရောက်နေကြရပါတယ်။
ယခုကဲ့သို့ လျှပ်စစ်မီးပုံမှန်မရရှိမှုနှင့် ပတ်သက်ပြီး ရန်ကုန်မြို့နေ အိမ်ရှင်တစ်ဦးမှ MHT သို့ ဆိုရာတွင် “ကျွန်မတို့က ဒီလို အခြေအနေမျိုး တွေကို တွေ့ကြုံရင်ဆိုင်နေခဲ့ကြရတာ တော်တော်ကြာပါပြီ။ အခုလို မိုးရာသီကုန်ပြီဆိုကတည်းက ရန်ကုန်မှာ မီးပျက်တာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်လာပါပြီ။ အစပိုင်းမှာတုန်းကတော့ ဘယ်ကမ်းလွန်ရေနံမြေက သဘာဝဓာတ်ငွေ့တွေထွက်ပြန်ပြီ၊ ရေအားလျှပ်စစ်စက်ရုံတွေ ဆောက်လို့ ပြီးပြီဆိုလို့ ကျွန်မတို့ မီးမှန်တော့မယ်လို့ ထင်ခဲ့ကြတယ်။ အခုတော့ ဒါမျိုးတွေ ကျွန်မတို့အတွက် အိမ်မက်တွေဖြစ်ခဲ့ရပါပြီ။ သူတို့ ဘယ်လောက်ပဲ သဘာဝဓာတ်ငွေတွေ ရှာတွေ့ ရှာတွေ့ ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ဘယ်လောက်ပဲ ဆောက်လို့ပြီးပြီး ကျွန်မတို့ဘ၀က မီးလင်းလင်း မနေရဖို့ ကံပါလာကြတာလို့ပဲ သဘောထားပါတယ်” လို့ ဆိုပါတယ်။
Saturday, February 9, 2008
ရန်ကုန်မြို့တော်တွင် မီးကိုအချိန်ဖြင့်သာ ရရှိနေသော်လည်း နေပြည်တော် လူမရှိ၊သူမရှိတွင်မူ ခြုံပုတ်ကအစ မီးလင်း၍နေသည်။
Posted by
MYANMAR HERALD TRIBUNE
at
11:16 AM
Labels: ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment