Monday, January 14, 2008

တာဝန်အရသာ လုပ်ကိုင်ဆောင်ရွက်ပေးနေရသော်လည်း အမှန်တကယ်တမ်းမှာတော့ မလုပ်ချင်တော့ဟု စာပေစီစစ်ရေးမှ ၀န်ထမ်းများပြောကြား

တာဝန်အရသာ လုပ်ကိုင်ဆောင်ရွက်ပေးနေရသော်လည်း
အမှန်တကယ်တမ်းမှာတော့ မလုပ်ချင်တော့ဟု စာပေစီစစ်ရေးမှ ၀န်ထမ်းများပြောကြား

အထက်မှ စီစဉ်ညွှန်ကြားချက်များအရသာ အစိုးရမှ တရားဝင်ထုတ်ဝေခွင့်ပြုထားသော စာနယ်ဇင်းများအား စီစစ်နေကြရခြင်းဖြစ်ပြီး အမှန်တကယ်တမ်းတွင်မူ မိမိတို့အနေဖြင့် မလုပ်လိုတော့ကြောင်း အမည်မဖော်လိုတဲ့ စာပေစီစစ်ရေးမှ ဦးစီးအရာရှိ စာစစ်မှူးအမျိုးသမီး တစ်ဦးမှ ပြောကြားသည်။
စက်တင်ဘာလှုပ်ရှားမှုများအပြီးမှစတင်ကာ အထပ်အရာရှိများ၏ ညွှန်ကြားချက်များသည်လည်း ပိုမိုဆိုးရွားလာသကဲ့သို့ ပြည်တွင်းမှ ထုတ်ဝေခွင့်ရ သတင်းဂျာနယ်များ၊ မဂ္ဂဇင်းစာစောင်များမှလည်း အမျိုးသားရေးလှုပ်ရှားမှု သတင်း၊ ဆောင်းပါးများကို ပိုမိုထည့်သွင်းဖော် ပြလာကြသဖြင့် ပြသနာတစ်စုံတစ်ရာ မပေါ်ပေါက်ပါက မိမိတို့ထံသို့ ပြစ်တင်မှုမရှိပေမယ့် မိမိတို့ခွင့်ပြုမိလိုက်သော သတင်းဆောင်းပါး တစ်ပုဒ်ပုဒ်ကြောင့် ပြသနာတစ်စုံတစ်ရာပေါ်ပေါက်ခဲ့ပါကမူ မိမိတို့မှ နေစရာမရှိအောင် ဆူပူကြိမ်းမောင်းခြင်းကို အသက်အရွယ်ကြီး တောင်ကြီးမားကြီးများနှင့် ခံကြရကြောင်း ထိုအရာရှိအမျိုးသမီးမှ ဆိုပါတယ်။

No comments: